part 2

2K 209 1
                                    

သူတောင်စားလေးရူရွယ်က တကယ်ကြီးသေသွားခဲ့၏။ ရူရွယ်အနေနှင့်လည်း သူသေသွားခဲ့ပြီဆိုတာကို ရှင်းရှင်းလင်းလင်းကိုသိနေခဲ့သည်။ သို့ပါသော်လည်း အခုသူ့အခြေနေက သေရာကပြန်ရှင်လာတာများလားလို့ သူတွေးမလို့အစပြုတုန်းမှာပဲ ရူရွယ်မသိတဲ့တစ်ခြားသူရဲ့မှတ်ညာဏ်လို့ထင်ရတဲ့ ပုံရိပ်တွေကအစီရီနဲ့ထပ်ပေါ်လာခဲ့ပြန်သည်။

ဒီလူဟာလည်း ရူရွယ်လို့အမည်ရသူပဲဖြစ်ပြီး သူ့မိဘတွေမှာ မျိုးရိုးနာမည်တွေရှိကျပေမယ့်လည်း ဘယ်သူတွေကမှ တစ်ယောက်ယောက်ရဲ့မျိုးရိုးနာမည်တပ်ပြီး သူ့ကိုမခေါ်ခဲ့ကျပါပေ။ သူ့ရဲ့အမေကတောင်မှ သူ့ကိုရူရွယ်လို့သာ ခေါ်ဆိုခဲ့တာဖြစ်သည်။

ဒီရူရွယ်ဟာ လူသားမျိုးနွယ်ယောက်မဟုတ်ပေ။ သူ့ရဲ့အမေဟာ အပင်သားရဲမိစ္ဆာမျိုးနွယ်တစ်ယောက်ဖြစ်ပြီး အပင်သားရဲလို့ဆိုရာမှာ သူတို့တွေဟာ သားရဲတွေနီးတူ ရက်စက်ကြမ်းကြုတ်နိုင်လို့ဖြစ်သည်။ သို့ပေမယ့်လည်း အပင်သားရဲမိစ္ဆာမျိုးတွေက ရက်စက်ကြမ်းကြုတ်ခြင်းကိုသဘောမကျကျပဲ သူတို့တွေက ဘယ်မိစ္ဆာသားရဲမျိုးနွယ်တွေမှမရောကာ သီးသန့်နေရတာကိုပဲနှစ်သက်ကျပြီး ပုန်းကွယ်ကာအေးအေးဆေးဆေးနေကျသူတွေဖြစ်လို့ သူတို့ကိုတွေ့ရဖို့လည်း အခွင့်ရေးမများလှပါပေ။ ဒါကြောင့် တခြားသားရဲမျိုးနွယ်တွေက သူတို့ကို သားရဲဆိုတဲ့နာမည်ဖြုတ်ပြီး အပင်မိစ္ဆာမျိုးနွယ်ဟုသာခေါ်လေ့ရှိသည်။

နောက် သူ့ရဲ့အဖေဟာဆိုရင် ပင်လယ်နဂါးမျိုးနွယ်က ရေနဂါးတစ်ကောင်ဖြစ်ပြီး ဒီရူရွယ်ရဲ့အဖေနဲ့အမေက မတော်တဆတွေ့သွားတာမျိုးဖြစ်ပြီး သူတို့တွေက အချင်းချင်းမနှစ်သက်ပေ။ တိတိကျကျဆိုရလျှင် အကျင့်မကောင်းသည့် ပင်လယ်နဂါးတစ်ကောင်သည် မတော်တဆတွေ့လိုက်ရတဲ့ သစ်ပင်မိစ္ဆာမျိုးနွယ်က မျက်လုံးစိမ်းစိမ်း၊ဆံနွယ်စိမ်းစိမ်းနဲ့မိန်းကလေးကို မျက်စိပဒါဿသင့်ပြီး မတော်မတရားကျင့်ခဲ့ရုံသာဖြစ်၏။ ဒါက ဒီရူရွယ်မွေးဖွားလာတဲ့အကြောင်းရင်းပင်ဖြစ်သည်။

ကျိန်းသေပေါက်ကိုပဲ ဒီရူရွယ်က မျိူးနွယ်နှစ်ခုလုံးရဲ့ မျိုးမစစ် လို့ခေါ်ဆိုခြင်းကိုခံခဲ့ရသည်။ သူကနဂါးမျိုးနွယ်ရဲ့လက်ခံခြင်းကိုမခံရပေ။ ဘာကြောင့်ဆို ရူရွယ်ရဲ့အသွင်ပြင်က နဂါးမျိုးနွယ်ရဲ့အမွေကိုမဆက်ခံပဲ အပင်မိစ္ဆာမျိုးနွယ်ရဲ့အမွေကိုပဲဆက်ခံနေလို့ဖြစ်ပြီး သူ့မှာ သူ့အဖေကပင်လယ်နဂါးတစ်ကောင်ဖြစ်ကြောင်းသက်သေပြစရာဆိုလို့ သူကရေကိုထိန်းချုပ်နိုင်တာနဲ့၊ဆင့်ခေါ်နိုင်တာပဲပြစရာရှိသည်။ သူက နဂါးပုံစံလုံးလုံးမပြောင်းနိုင်သလို ရေနဂါးတစ်ကောင်လည်းမဟုတ်ခဲ့ပေ။ သူ့မှာ ဒူးနားထိရှည်နေတဲ့အစိမ်းရောင်ဆံနွယ်တွေနဲ့ မျက်စံစိမ်းစိမ်းတွေရှိပြီး သေချာကြည့်ရင်တော့ ထိုမျက်စံစိမ်းစိမ်းတွေမှာ စိမ်းပြာရောင်လေးအနည်းငယ်ရောယှက်နေတာကိုတွေ့ရမှာဖြစ်သည်။ ဒါကပဲ အဲဒီအစိမ်းရောင်မျက်ဝန်းတွေကိုပိုတောက်ပပြီး ပိုစူးရှအောင်ပံ့ပိုးပေးထားခဲ့ပင်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now