3

4.3K 554 44
                                    

Unicode

"မြို့အုပ်ရှောင်း"

"အင်း"

"ကျွန်တော်တို့ ဒီတိုင်းအိပ်ရုံပဲပြောထားတယ်မဟုတ်လား"

"ကျုပ် ဝမ်မျိုးရိုးရဲ့ ကိုယ်နံ့လေးကိုတအားသဘောကျတယ်"

ပြောပြီး မြို့အုပ်က ရိပေါ်ရဲ့ လည်တိုင်သို့တိုးဝင်နမ်းရှိုက်လိုက်သည်။

"အား....ရှ်!! တကယ်မွှေးတာ"

"ကျွန်တော့်ကို ဒါမျိုးတွေမလုပ်ပါနဲ့ ၊ ကျွန်တော်မကြိုက်ဘူး"

"ဖယောင်းတိုင်တွေ သွားငြှိမ်းပြီး ကျုပ်နားလာအိပ်ပေး"

ရိပေါ်ပြောသည်ကိုလည်း မြို့အုပ်ဂရုမစိုက်ပါ။ သူလိုချင်တာနှင့် သူပြောချင်တာကိုသာဦးစားပေးသည်။

ကုတင်ပေါ်မှ အမြန်ဆင်းကာ ရိပေါ် ဖယောင်းတိုင်မီးတွေကိုသွားမှုတ်သည်။ သို့သော် နောက်ဆုံးတစ်တိုင်ကျန်မှ ဒီတိုင်းထားပြီး မြို့အုပ်ရှိရာ ကုတင်ဆီပြန်လာခဲ့သည်။

"ဘာလို့လဲ ၊ နောက်ဆုံးတစ်တိုင်ကို ဘာလို့မငြှိမ်းခဲ့တာလဲ"

"ကျွန်တော်... ကျွန်တော် အမှောင်ကြောက်တယ် မြို့အုပ်ရှောင်း"

"ဝမ်မျိုးရိုးက အမှောင်ကြောက်တယ်ပေါ့"

"ဟုတ်ကဲ့"

"ဒါဆို ကျုပ်ဖက်ထားပေးမှာပေါ့ ။ ငြှိမ်းခဲ့စမ်းပါ"

ဒီမြို့အုပ်ကို ရိပေါ်တကယ်နားမလည်တော့ပါ။ ဘာလို့ သူ့အပေါ်ဒါမျိုးတွေဆက်ဆံနေတာလဲ။ သူ့ကို ဘယ်လိုလူစားမျိုးလို့ထင်နေလဲ မသိတော့ပါ။ ဘာနေနေ အမိန့်ဆိုတာ နာခံဖို့ဖြစ်လို့ ရိပေါ် နောက်ဆုံးဖယောင်းတိုင်မီးကိုပါ မှုတ်ခဲ့ရသည်။

ခေါင်မိုးပေါက် သေးသေးလေးက ဝင်နေတဲ့ လရဲ့အလင်းသာမရှိခဲ့လျှင် ထိုအခန်းက အမှန်ပဲ အမှောင်အတိဖြစ်နေအုံးမှာ။ ရိပေါ်ဒီညတော့ ပုံမှန်သာနေတဲ့လကို ကြံဖန်ကျေးဇူးတင်ရပြီ။

ကုတင်ပေါ်မှာ ပက်လက်လှဲနေတဲ့ မြို့အုပ်ဘေးကို ရိပေါ်မသွားရဲ။ ကုတင်အစွန်းမှာသာ မြို့အုပ်ဘက်ကိုကျောပေးပြီး ကွေးကွေးလေးအိပ်နေတော့သည်။

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now