5

3.8K 512 26
                                    

Unicode

ဝါးခနဲမြည်အောင် သန်းပြီး ပျင်းကြောဆန့်လိုက်သည်။ မျက်လုံးတွေကိုပွတ်ပြီး နာရီလှမ်းကြည့်တဲ့အခါ ညနေ ၄နာရီ...။

"ဟင်!! ၄နာရီတောင်ထိုးပြီ ငါအိပ်တာ အဲ့သလောက်တောင်ဖြစ်သွားတာလား"

ရိပေါ် အကြာကြီးအိပ်ပျော်သွားတာကို အားမရဖြစ်မိသည်။ အစားလည်းမစားရသေးတော့ ဗိုက်ကချောင်လည်လည်။ အိမ်မှာရှိတဲ့ ထမင်းနဲ့ဟင်းကိုပဲ အားရပါးရ ဝမ်းပြည့်အောင်စားလိုက်သည်။ တစ်ယောက်တည်း နေတာဖြစ်လို့ ဟင်းစားက တစ်ခါချက်ပြီးလျှင် ၃ရက်လောက်စားရသည်။

အစားစားပြီး လမ်းလည်းလျှောက်ရင်း မြို့ထဲပတ်ဖို့ သူစီစဥ်လိုက်တယ်။ အလုပ်မှရှိမနေဘဲကို မြို့အုပ်ဆီလည်း ညမှသွားရမှာလေ။

"ဝေး... ကုယီ မျက်နှာက ဇီးရွက်လောက်ပဲရှိပါလား။ ဘယ်လိုဖြစ်တာတုံး"

"မပြောချင်တော့ပါဘူး ရိပေါ်ရာ"

"ပြောပါကွ... ငါကူညီနိုင်တာဆို ကူညီမှာပေါ့"

ရိပေါ်က မြို့ထဲကသူတွေရဲ့အရေးကို သူ့အရေးလိုပင် သဘောထားသူဖြစ်သည်။ အဆင်မပြေတဲ့သူကို ကူညီမယ်။ အားလုံးအဆင်ပြေနေကြလျှင် သူပီတိဖြာမယ်။

"မြို့အုပ်ပေါ့ကွာ"

"ဟမ်... မြို့အုပ်!! မြို့အုပ်ကဘာဖြစ်လို့လဲ"

"ဒီမနက်သူ့ဆီ ဂျပန်တွေ လာသွားတယ်လေ"

"အင်း အဲ့ဒါဘာဖြစ်လဲ"

"ဂျပန်တွေပြန်သွားတော့ ငါတို့အားလုံးကိုခေါ်တယ် ပြီးတော့ပြောတာက နေထိုင်ခအခွန်ဆောင်ရမယ်တဲ့ တစ်လကို ၁၀ယွမ်တဲ့"

"ဘာကြီး... နေထိုင်ခအခွန်ဟုတ်လား၊ ကျွန်တော်ဖြင့် တစ်သက်နှင့်တစ်ကိုယ် မကြားဖူးပေါင်"

"မင်းပြောကြည့် ရိပေါ် ငါတို့တွေပေးနိုင်မယ်ထင်လား။ စီးပွားရေးက ဒီနှစ်ထဲမှာထိုးကျနေလို့ အားလုံးက စိတ်ညစ်နေကြတာ အခုတော့ အခွန်ဆိုတာကြီးပါ ပါလာပြီ"

"အရမ်းကြီးလည်း စိတ်မညစ်ပါနဲ့ကုယီရာ ငါအဘနဲ့တိုင်ပင်ပြီး..."

"အဘလည်း ဘားမှမပြောနိုင်တဲ့အဆုံး လက်ခံခဲ့ရတာ ရိပေါ်ရေ၊ ဒီမြို့အုပ်က ထင်ထားတာထက်ဆိုးတယ်"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now