8

3.1K 386 4
                                    

Unicode

"အဘရေ ကျွန်တော် ချန်ရွှမ်းပါ။ မြို့အုပ်ရှောင်းလွှတ်လိုက်လို့"

"အော်...လာ လူငယ် ထိုင်အုံးလေ"

"ရတယ်အဘ မထိုင်တော့ဘူး ၊ အခွန်ကိစ္စလေး ကျွန်တော်လာပြောတာ"

"အေး... ပြောလေ လူငယ်"

အခွန်ကိစ္စဟု ပြောလိုက်တာနှင့် အဘမျက်နှာဟာ အလိုလို ညှိုးနွမ်းသွားတယ်။ ချန်ရွှမ်းကတော့ ဘာတတ်နိုင်မှာလဲ။ ​သူ့အထက်ကခိုင်းလို့ လုပ်ရတာကို။

"ဒီလရဲ့ နောက်ဆုံအပတ်အမှီပေးဖို့ ပြောခိုင်းလိုက်ပါတယ် အဲ့ဒါ..."

"ဟုတ်ပါပြီ အဘ အမှီလုပ်ပေးပါ့မယ်"

"ဟုတ်အဘ ဒါဆို လောလောဆယ် ကျွန်တော် မြို့ထဲပတ်ပြီး ပေးနိုင်တဲ့သူတွေဆီက အရင်ကောက်ထားလိုက်မယ်နော်"

"ကောင်းပြီ ကောင်းပြီ လူငယ်"

ချန်ရွှမ်းသူ့လူတွေကိုခေါ်ပြီး မြို့ထဲတစ်ဖန်လှည့်သည်။ လူ ၃ ယောက်ကို အပိုင်း ၃ပိုင်းခွဲကာ သွားစေပြီး သူကတော့ ဝမ်ရိပေါ်ရှိရာအရပ်ကိုဦးတည်သည်။

"ရိပေါ်"

အိမ်ရှေ့မှ လှမ်းခေါ်နေပေမယ့် ရိပေါ်ထွက်မလာ။ အိမ်ထဲခေါင်းဝင်လို့ ကြည့်တာတောင်မတွေ့တာကြောင့် ချန်ရွှမ်း အိမ်ရဲ့အနောက်ဘက်ကို ဝင်သွားကြည့်လိုက်တယ်။

မြင်လိုက်တဲ့ မြင်ကွင်းက ချန်ရွှမ်းအတွက် အသက်ရှုဖို့တောင်မေ့စေသည်။ ရိပေါ်က ခါးအောက်ပိုင်းကို အဝတ်ပိုင်းစတစ်ခုနှင့်ပတ်ကာ အုတ်ကန်ဘေးမှာ ရေချိုးနေခြင်းဖြစ်သည်။ ရေချိုးခန်းသီးသန့်မရှိတဲ့အတွက် နောက်ဖေးအုတ်ကန်မှာရေချိုးရခြင်း။

"ရိပေါ်"

"အာ... အကို"

ချန်ရွှမ်းကိုမြင်တာနဲ့ ရိပေါ် အုတ်ကန်ဘောင်ပေါ်တင်ထားတဲ့ သဘက်ကိုယူကာ အပေါ်ပိုင်းကိုခြုံပလိုက်သည်။ သို့သော် ချန်ရွှမ်းအကြည့်ကတော့ ရိပေါ်ဆီမှ သေးသေးလေးမှမလွှဲ။

"အကို... ဘာလာလုပ်တာလဲ"

"အကို!!!"

"အာ...ဟို"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now