15

3.3K 358 29
                                    

Unicode

[This Part contains little little warning. Read at your own risk.]

ဒီညလည်း ပုံမှန်ပါပဲ။ ရိပေါ်က အချိန်မှန် မြို့အုပ်ဆီရောက်လာခဲ့ပြီး မြို့အုပ်ကလည်း အရက်ခွက်လေးကိုင်ကာ အရသာခံနေပါသည်ပေါ့။

"ရှောင်း..."

"ရောက်လာပြီလား... ကျုပ်စောင့်နေတာ"

"အင်း အရက်သောက်နေပြန်ပြီလား ၊ စိတ်ညစ်စရာတွေရှိသေးလို့လား"

"မဟုတ်ပါဘူး ဒါကရဲဆေးတင်တဲ့အနေနဲ့သောက်နေတာ"

"ဘယ်လို... ရဲဆေးကဘာလို့တင်တာလဲ"

"ဒါကခဏနေသိလိမ့်မယ်"

"ကျွန်တော့်ကို ပေးစရာရှိတယ်ဆို"

"ဟုတ်သားပဲ အရင်ထိုင်လိုက်အုံး ကျုပ်ပေးမယ်"

မြို့အုပ်က သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားကို ဗီဒိုထဲမှ ထုတ်လိုက်ပြီး မှောက်လျက်အနေအထားဖြင့် ရိပေါ်ဆီသို့ပေးလိုက်သည်။

"ရော့.. "

"ဘာကြီးလဲ ​ရှောင်း"

"ကြည့်ကြည့်လေ.."

ရိပေါ် ပန်းချီကားချပ်ကို လှန်ကြည့်လိုက်တဲ့အခါ အံ့သြဝမ်းသာမှုက လှိုက်ခနဲ။ သူ့ရဲ့ပုံတူ ပန်းချီကားတစ်ချပ်... ဟုတ်တယ် ဒါသူ့ရဲ့ပုံတူပန်းချီပဲ။
သာမာန်ပုံကို ဆွဲထားတာတောင်မဟုတ်ဘဲ မြို့အုပ်ဆီပထမဆုံးလာသည့်နေ့က ပုဝါအပါးလေးခြုံကာ လက်ပြတ်အင်္ကျီလေးနဲ့ပုံ။

မျက်ရည်ကျလောက်တဲ့အထိ ပျော်ရွှင်မှု စိတ်ချမ်းသာမှုကို ပေးနိုင်တဲ့ဒီလူကို ရိပေါ်တော့ဖြင့် ဒီတစ်သက်ချစ်ဝမည်မထင်တော့ပါ။

"ရှောင်း..ဒါက"

"ကျုပ်ရဲ့ အသည်းအသက်က သဘောကျရဲ့လား"

"ဘယ်လိုမေးလိုက်တာလဲ...ကျွန်တော်"

"မငိုရဘူးလေ...ကျုပ်ကပျော်စေချင်တာ"

"ဒီပုံကို ဘယ်လိုစိတ်ကူးနဲ့ ဆွဲလိုက်တာလဲ"

"ဒီတိုင်း..ကျုပ်စွဲလမ်းမိခဲ့တဲ့ပုံလေးမို့ပါ"

"ခင်ဗျားကလေ..တကယ်ဆိုးတယ်"

"ဟောဗျာ.... ကျုပ်ဖြင့်ဘားမှ ဆိုးတာမလုပ်မိသေးပါဘူး"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now