18

2.3K 270 12
                                    

Unicode

ဒီနေ့ဆို မြိုအုပ်နဲ့ရိပေါ်တို့ မေတ္တာမျှခဲ့ကြတာ ၄လရှိပြီ။ အတိအကျပြောရရင်တော့ ရက်ပေါင်း ၁၂၂ ရက်...။ မြို့အုပ်ပြောတာကတော့ ၄လပြည့်ရင် အားလုံးကို အတိအလင်းကြေငြာမယ်တဲ့။

၄လအတွင်းထွေထွေထူးထူး ​ပြောင်းလဲသွာတာတော့သိပ်မရှိခဲ့ပါ။ အခွန်ကိစ္စတွေကလည်း ပုံမှန်လည်ပတ်နေခဲ့ပြီး ရိပေါ်ကလည်း ညဘက်တိုင်းမြို့အုပ်ဆီသွားနေမြဲ။

"ရိပေါ် ငါတို့ကို မြို့အုပ်ကလူစုခိုင်းပြန်ပြီ"

"ဟုတ်လား ဒါဖြင့်သွားကြမယ်လေ"

"အင်း... ဒီမြို့အုပ်က အားတိုင်းလူစုခိုင်းနေတာပဲ ၊ ငါတို့ကိုတစ်လ ၅ခါလောက်ခေါ်တွေ့နေတာပဲ"

"ရော်...ဘယ်လိုဖြစ်ရတာတုံး၊ လာသွားမယ်"

ရိပေါ်တွေးထားသလိုပဲ ဒီနေ့ မြို့အုပ်က သူတို့နှစ်ဦးအကြောင်းအတိအလင်းကြေငြာတော့မှာလား။ ရိပေါ်ဖြင့် စိတ်တွေခုန်လိုက်တာတအားပါပဲ။

ရိပေါ်တို့ရောက်တော့ မြို့အုပ်ခြံဝန်းအတွင်းလူစုံလို့နေပြီ။ သို့သော်မြို့အုပ်ကိုတော့မမြင်ရသေး။

"အကို ခဏလေးနော် ကျွန်တော် ဒီနားခဏသွားအုံးမယ်"

"ရိပေါ် မသွားနဲ့တော့လေ မကြာခင်မြို့အုပ်ရောက်လာတော့မှာကို"

"ခဏပဲဗျ"

ရိပေါ် အလျင်အမြန်ထွက်လာပြီး အနောက်ဖေးပေါက်မှ မြို့အုပ်အခန်းထဲကိုဝင်သွားလိုက်တယ်။ သဲသဲကဲကဲရိပေါ်ပါပဲ...။

"ရှောင်းရေ..."

"အာ့.."

တံခါးနောက်မှ ရုတ်တရက်ဆွဲဖက်ခြင်းခံလိုက်ရတဲ့ ရိပေါ်ခန္ဓာကိုယ်ကို မထိန်းလိုက်နိုင်ဘဲ ထိုလူ့ရင်ခွင်ထဲသို့ ထိုးကျလျက်။

"ဟာ...ရှောင်း"

"ရွှတ်"

​မြို့အုပ်မှ ရိပေါ်၏လည်တိုင်ဖွေးဖွေးသို့ အားရပါးရ တစ်ချက်ရှူရှိုက်နမ်းပစ်သည်။

"ကျုပ်အခန်းထဲ ဘာလို့ဝင်လာတာလဲ"

"ရှောင်းက ထွက်မလာသေးလို့လေ...အပြင်မှာလူတွေရောက်နေပြီကို"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now