20 (ဇာတ်သိမ်းပိုင်း)

3.9K 296 24
                                    

Unicode

မျက်လုံးတွေကိုအားစိုက်လို့ ဖွင့်လိုက်ချိန်မှာ မြင်တွေ့ရတာတွေက ဝိုးတိုးဝါးတား။ ဘယ်နေရာရောက်နေသလဲဆိုတာ ရိပေါ်မသိပါ။ သေချာတာကတော့ မြို့အုပ်ဆီမှာမဟုတ်။

"ရိပေါ်... သတိရပြီလား။ ဒီမှာ အကိုဆန်ပြုတ်လေးယူလာ"

"ခွမ်း.."

ရိပေါ် ရိုက်ချလိုက်တာကြောင့် ချန်ရွှမ်းလက်ထဲမှ ဆန်ပြုတ်ပန်းကန် မြေပေါ်တွင် တစစီဖြစ်ပြီး ဆန်ပြုတ်တွေလည်းပွကျဲသွားသည်။

"ရိပေါ်... မင်း တစ်ရက်လုံးလုံးသတိမေ့နေတာ အားရှိအောင်လို့"

"အကို... ဘာလို့...ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်တောင် ယုတ်မာရတာလဲ"

"မဟုတ်ဘူး ရိပေါ်... ကိုယ်ပြောပြမယ်။ ရိပေါ်အထင်လွဲနေတာပါ"

ရိပေါ်အနားကို လာကာ ပခုံးကိုကိုင်လို့ ချန်ရွှမ်းက ရှင်းပြရန်ပြင်သည်။ သို့သော် အရာမထင်ပါ။

"ဟင့်အင်း...ကျွန်တော့်အသားကိုမထိနဲ့။ ကျွန်တော် ရွံတယ်"

"မဟုတ်ပါဘူး ရိပေါ်ရယ်၊ ကိုယ်... ကိုယ်မင်းကိုချစ်လွန်းလို့ သိပ်ချစ်လွန်းလို့ ဒီလိုလုပ်မိတာပါ"

"ဖြောင်း!!"

ချန်ရွှမ်းရဲ့ပါးကို ရိပေါ် အားခပ်ပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။ ကျနေတဲ့ မျက်ရည်တွေကိုလည်းမသုတ်အားသေးပါ။

"ချစ်လို့... ချစ်လို့ဟုတ်လား။ ဘယ်သူမှ ကိုယ်ချစ်တဲ့သူကို စိတ်ဒုက္ခမပေးဘူးဗျ။ အခု ခင်ဗျားက ကျွန်တော့်ကို စိတ်ရော ကိုယ်ပါ ဒုက္ခရောက်အောင်လုပ်နေတာပဲ"

" ကိုယ်...ကိုယ် ဒီလိုမှမလုပ်ရင် ရိပေါ်... မင်း... မင်း ရှောင်းကျန့်ဆီရောက်သွားတော့မှာ"

ငိုယိုလို့ သိပ်ချစ်ကြောင်း ပြောနေတဲ့ ချန်ရွှမ်းကို ကြည့်ရတာ အရူးတစ်ပိုင်းပါပဲ။ စကားသံတွေက တုန်ရီလို့ လူကလည်းဂဏာမငြိမ်နိုင်။

"ရူးနေလား... မင်းရူးနေတာလား ချန်ရွှမ်း"

"ဟုတ်တယ်... ရူးနေပြီ၊ ကိုယ်ရူးနေပြီ၊ ကိုယ်မင်းကို သိပ်ချစ်မိလို့ရူးနေပြီ သိရဲ့လား!!"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now