7

3.5K 416 15
                                    

Unicode

ဘယ်အချိန်က အိပ်ပျော်သွားလဲ မသိပါဘူး။ ခေါင်မိုးပေါက်က နေရောင်ခြည်လေး မျက်နှာပေါ်ကျမှ ရိပေါ် နိုးလာသည်။ မျက်လုံးပွင့်လာတာနဲ့ ရိပေါ်သူ့ရဲ့ခါးကို လှမ်းကြည့်လိုက်သည်။ အင်း... တစ်ညလုံးဖက်ထားတာပဲ။ ဘာရယ်တော့မဟုတ်ပေမယ့် သဘောကျမိသား။

"နိုးလာပြီလား"

ဘယ်အချိန်ကတည်းနိုးနေမှန်းမသိတဲ့ မြိုအုပ်ရှောင်းအသံကြားတော့ ရိပေါ်မဆိုသလောက်လေး လန့်သွားသည်။

"အာ...ဟုတ်၊ ဒါနဲ့ ဘယ်အချိန်တည်းကနိုးနေတာလဲ"

"မအိပ်ရသေးတာ... တော်သေးတာပေါ့ ဝမ်မျိုးရိုး ဒီညတော့ အိပ်ပျော်သွားခဲ့လို့"

"မအိပ်ရသေးတာ ဟုတ်လား ၊ မြို့အုပ်ရှောင်း"

"အင်း "

ရိပေါ် လှဲနေရာမှ အရင် ငုတ်တုတ်ထထိုင်လိုက်သည်။ သူထတာနှင့် မြို့အုပ်ကပါ တစ်ပါတည်းလိုက်ထသည်။

"ဘာလို့ မအိပ်တာလဲ"

"ဝမ်မျိုးရိုးကို ဖက်ထားရတဲ့အရသာကို ပြည့်ပြည့်ဝဝခံစားချင်လို့လေ"

"ကျွန်တော် ပြန်တော့မယ်"

"ဒီည စောစောလာခဲ့ ကျုပ်မျှော်နေမယ်"

"ဟုတ်ကဲ့"

"ကျုပ်အဖြေကိုလည်း စဥ်းစားပေးခဲ့အုံး"

"ဟို ကျွန်တော့်ကို အခွန်ကိစ္စ"

"ကျုပ်ဆိုင်သူဖြစ်ရင် ဝင်စွတ်ဖက်ခွင့်ရမယ် ပြောတယ်မဟုတ်လား"

"ပြန်ပြီဗျာ"

ရိပေါ် ရှက်ရှက်နှင့်ပင် အခန်းထဲမှပြေးထွက်သွားတော့သည်။ ဒီလူ ဒါမျိုးယိသဲ့သဲ့ပြောလာရင် ရိပေါ် နည်းနည်းလေးမျှခံနိုင်ရည်မရှိ။

"အာ့"

ခေါင်းကိုငုံ့လို့ ဇွတ်ပြေးထွက်လာတာကြောင့် ရှေ့မှလာတဲ့လူကို မမြင်ဘဲ ​ဝင်တိုက်မိခြင်းဖြစ်သည်။ ရိပေါ်ဘက်က ဝင်တိုက်လိုက်ပေမယ့် တစ်ဖက်လူကဘားမှမဖြစ်ဘဲ သူပဲမြေပေါ်သို့လဲကျသွားသည်။

"ဘာဖြစ်သွားသေးလဲ ရိပေါ် ၊ မင်းက အရမ်းပြေးလာတာကို"

"ဟင်"

မြို့အုပ်ရှောင်း [ Mayor Xiao ]जहाँ कहानियाँ रहती हैं। अभी खोजें