12

3.1K 369 21
                                    

Unicode

ခါးပေါ်တင်နေတဲ့ လက်အစုံကိုမြင်မှသာ ရိပေါ် နှုတ်ခမ်းလေးက ဖွဖွပြုံးမိသည်။ သဘောကျခြင်းအတိ။

"မြို့အုပ်ရှောင်း"

"ပြောလေ ဝမ်မျိုးရိုး ကျုပ်နားထောင်နေပါတယ်"

"ဘာလို့ အရက်တွေ သောက်နေတာလဲ၊စိတ်ညစ်စရာများရှိနေတာလား "

"အနည်းငယ်ပါ"

"အပန်းမကြီးရင် ကျွန်တော့်ကိုပြောပြလေ"

"ဝမ်မျိုးရိုးပါ စိတ်ညစ်ရမှာပေါ့"

"ရပါတယ် မြို့အုပ်ရှောင်း စိတ်သက်သာဖို့ကအရေးကြီးတာပါ"

"ကျုပ်ရဲ့ အထက်လူကြီးကို မဟုတ်မမှန်သတင်းတွေ လူတစ်ယောက်သွားပို့တယ်ထင်ပါရဲ့ "

"အဆူခံရလို့လား"

"အဲ့လိုပေါ့"

"ဘယ်သူကသွားပို့တာလဲ ဘယ်လိုသတင်းမျိုးလဲ"

"ကျုပ်က မြို့ထဲကလူနဲ့ကြိုက်နေပါတယ်ပေါ့ လူကြီးက ဒါတွေကြောင့် ကျုပ်အလုပ်ပိုင်းကိုထိခိုက်မခံနိုင်ဘူးတဲ့"

"မြို့အုပ်ရှောင်းက ဘယ်သူနဲ့ကြိုက်နေလို့လဲ"

"ဝမ်မျိုးရိုးနဲ့လေ"

"ဟာ... ပေါက်ကရတွေနော်!!"

"ဘယ်သူ သတင်းပို့တယ်လို့ထင်လဲ"

"ကျွန်တော် ဘယ်သိပါ့မလဲ"

"ထားပါတော့... ဒီလောက်ဆို ဘာလို့အရက်သောက်လဲသိပြီမဟုတ်လား"

"အင်း... ကျွန်တော့်ကြောင့် မြို့အုပ်ရှောင်း ​ပြောခံရတာနေမယ်"

"မဆိုင်တာရယ်ပါ... ကျုပ်ဘာကျုပ်အဆူခံရတာကို ဘယ်လိုကြောင့် ဝမ်မျိုးရိုးကပါရမှာလဲ"

"ကျွန်တော်ကလေ လူတိုင်းကို ပျော်ရွှင်မှူနဲ့ ချစ်ခြင်းမေတ္တာပဲသီးသန့်ပေးချင်သူပါ။ ကျွန်တော့်ကြောင့် တစ်ပါးသူ ထိခိုက်မှာမျိုးမလိုလားဘူး"

"ပူပန်တတ်ပါရော ဝမ်မျိုးရိုးရယ်... ကျုပ်အခုအဆင်ပြေနေပါပြီ ၊ ဘားမှစိတ်ထဲမထားပါနဲ့"

"သေချာလို့လား"

"သေချာတာပေါ့ဗျာ... ဒါနဲ့ ကျုပ်ပါးစပ်က အရက်နံ့ နံနေလား"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now