11

3K 412 13
                                    

Unicode

"ဟုတ်တယ် သူက ကျွန်တော့်ကို ချစ်တယ်တဲ့"

"လိမ်နေတာ အဲ့ဒါရိပေါ်ကို သူလိမ်နေတာ"

"ဗျာ... အကိုက ဘာလို့အဲ့လိုပြောတာလဲ"

"သူက လူကောင်းမဟုတ်ဘူး ရိပေါ်"

"အခု သူကချစ်ခွင့်ပန်ရုံပါပဲ...ကျွန်တော့်ဘက်က ဘယ်လိုအဖြေမျိုးမှ မတုံ့ပြန်ရသေးဘူး"

ထိုအခါမှ ချန်ရွှမ်း သွေးရူးသွေးတမ်းစကားတွေ ပြောနေရာမှ ခေတ္တငြိမ်ကျသွားသည်။

"ဒါဆို... ရိပေါ်က ဘယ်လိုလုပ်မယ်စဥ်းစားထားလဲ"

"တစ်ပတ်အချိန်ပေးမယ်တဲ့"

"တစ်ပတ် ဟုတ်လား...ဘာလုပ်ဖို့လဲ"

"အဖြေ စဥ်းစားဖို့"

"အဓိပ္ပါယ်မရှိလိုက်တာ!! အချိန်က သူသတ်မှတ်ပေးရမှာမဟုတ်ဘူးလေ ရိပေါ်စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ရှိတာကို"

"ဒါပေမယ့် ကျွန်တော်လက်ခံခဲ့တယ်အကို"

ရိပေါ်၏ အသံ မျက်နှာအနေအထား ၊ မျက်ဝန်းတို့ကို ကြည့်လျှင် မြို့အုပ်ကိုပေးမည့်အဖြေက ဘာလဲဆိုတာ ချန်ရွှမ်းခန့်မှန်းမိသည်။ သို့သော် မယုံချင်။ လက်လည်းမခံချင်။

"အင်း ကိုယ် တစ်ခုသတိပေးထားချင်တယ်ရိပေါ်"

"ဟုတ်အကို ပြောပါ"

"ကိုယ့်ကိုတော့ တစ်မျိုးမမြင်နဲ့"

"မမြင်ပါဘူး အကိုက မြို့အုပ်နဲ့အကြာကြီး အတူရှိခဲ့တဲ့သူပဲကို"

"သူ့ကို အလုံးစုံယုံစားလို့မရဘူး သူရိပေါ်ကိုလှည့်စားသွားလိမ့်မယ်"

"ကျွန်တော် အားလုံးကို သေချာဆုံဖြတ်ပြီးမှ သူ့ကိုအဖြေပေးမှာပါ အကိုစိတ်မပူနဲ့နော်"

"ဟုတ်ပါပြီ ဒါဆိုလည်း အကိုပြန်တော့မယ်"

"ဗြုန်းစားကြီးပါလား အခုပဲရောက်တာကို"

"အင်း ရိပေါ်ကအချိန်တစ်ပတ်ပဲရတာလေ သေချာ ခေါင်းအေးအေးစဥ်းစားရအောင်လို့"

"အကို ကျွန်တော့်ကိုရွဲ့နေတာလား"

"ဟုတ်တယ် ရွဲ့နေတာ.."

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now