Extra

3.7K 304 10
                                    

Unicode

"အင်း... နောက်ဆုံးတော့ ပြန်လာပြီပေါ့"

"ပြန်လာရတာပေါ့... အသည်းအသက်ကို ပေးထားတဲ့ကတိကို ကျုပ်ကလွယ်လွယ်နဲ့ဖျက်ပါ့မလား။ လာပါအုံး... ကျုပ်ရင်ခွင်ထဲ"

ရိပေါ်က မြို့အုပ်ရင်ခွင်ထဲသို့ခေါင်းအပ်ကာ ခါးတွေကိုလည်း တင်းကြပ်အောင်ဖက်ထားပစ်သည်။

"လွမ်းနေတာ... ကျွန်တော်အများကြီးလွမ်းနေခဲ့တာ။ ဒီရင်ခွင်ကျယ်ကြီးရော ကျွန်တော့်ခါးကိုဖက်ထားတဲ့ ဒီလက်တစ်စုံရော... ပြီးတော့ ရှောင်းရဲ့ကိုယ်သင်းနံ့လေးရော"

"ကျုပ်လည်း သေမတတ်လွမ်းနေခဲ့ရတာပါ ၊ အသည်းအသက် အနားမှာမရှိတဲ့ နေ့တွေညတွေတိုင်းမှာ ကျုပ်ငရဲကျနေသလိုပဲ"

"ကျွန်တော်သိတာပေါ့၊ ရှောင်းက ကျွန်တော့်ဆီပြန်လာမယ်ဆိုတာ ကျွန်တော်လွန်ခဲ့တဲ့ ၂နှစ်တည်းက သေချာပေါက်သိနေခဲ့တာ"

"ကျေးဇူးတင်ပါတယ်... ကျုပ်ကို အကြာကြီးစောင့်နေပေးခဲ့တဲ့အတွက် ကျုပ်အများကြီးကျေးဇူးတင်ပါတယ်"

"ကျွန်တော်ကလည်း ပြန်လာပေးလို့ သိပ်ကိုကျေးဇူးတင်ပါတယ် ရှောင်း"

၂နှစ်အတွင်းမှာ ပြောင်းလဲမှုတွေအများကြီးရှိနေခဲ့တယ်။ ရှောင်းကျန့်က အရင်လိုမြို့အုပ်ရာထူးနှင့် မဟုတ်တော့ဘဲ သာမာန်အရပ်သားအရာသာမည်တော့သည်။ နှုတ်ခမ်းမွှေးတွေလည်း ရှည်နေပြီး ဆံပင်တွေကလည်း ဖရိုဖရဲ။ အရင်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး မဟုတ်တော့သည်အထိ။ သို့သော် ဝမ်ရိပေါ်ကတော့ သူ၏ရှောင်းကို သိပ်ချစ်ပါသေးတယ်။ အရာရာ ပြောင်းလဲသွားခဲ့ချိန်မှာ မြို့အုပ်နှင့်ရိပေါ်၏ ချစ်ခြင်းကတော့ သေးသေးလေးတောင် တိမ်းစောင်းမနေ။

ရှောင်းကျန့်ပြန်ရောက်လာတော့ မိုဟဲကလူတွေအားလုံးက အရင်ကမြို့အုပ်ကို ကြိုဆိုသကဲ့သို့ နွေးထွေးစွာကြိုဆိုကြသည်။ ဘာရာထူး စည်းစိမ်မှ မရှိတော့တာတောင် သူ့ကိုရိုသေလေးစားချစ်ခင် ပေးနေကြသည့် လူတွေကိုမြင်တဲ့အခါ ရှောင်းကျန့် အတိတ်ကိုပြန်တွေးရင်းရှက်မိသည်။ ဒီလူတွေအပေါ် သူအခွန်တွေကောက် နိုင့်ထက်စီးနင်းလုပ်ခဲ့မိတာ...။

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now