14

2.7K 354 12
                                    

Unicode

After 6 days...

ဒီနေ့ ရိပေါ်အစောကြီးနိုးနေသည်။ အဖြေယူမယ့် သူကဘယ်လိုနေမလဲမသိပေမယ့် ဒီလူမှာတော့ ရင်တွေခုန်ပြီး တက်ကြွလို့...။ ဘဝမှာ ပထမဆုံးပေါက်ဖွားလာတဲ့ အချစ်ကို ထုတ်ဖော်ပြသခွင့်ရတော့မည်။ ပထမဆုံးအကြိမ် လူတစ်ယောက်ကို ချစ်ကြောင်းပြောရတော့မည်။ တွေးကြည့်ရုံနဲ့တင် ရင်ထဲလှိုက်ဖိုစရာကောင်းလွန်း၏။

"ချန်ရွှမ်း"

"ဟုတ်"

"ညနေ ငါမြို့အပြင်နားသွားစရာရှိတယ် အဲ့ဒါ စီးယာဥ်ထုတ်ထားလိုက်"

"စီးယာဥ် ကချို့ယွင်းနေလို့ ပြင်ထားတာ အခုလက်စပဲရှိသေးတယ် ဆရာ"

"ကျစ်!!! "

"ဆရာ အခွန်ကိစ္စ... "

"ငါ အခွန်ကိစ္စတွေနားထောင်ဖို့မအားသေးဘူး နောက်ရက်မှပြော"

"မပေးနိုင်တဲ့သူတွေက မပေးနိုင်ကြဘူး ကျွန်တော်တို့ဘယ်လိုရှင်းကြမှာလဲ"

"အဆင်ပြေသလိုလုပ် ချန်ရွှမ်း လောလောဆယ် ငါမင်းပြောတဲ့ကိစ္စအတွက် အချိန်မပေးနိုင်သေးဘူး"

မြို့အုပ် တကယ်ပဲချန်ရွှမ်းကိုအာရုံမစိုက်နိုင်။ ပြီးဆုံးခါနီးဖြစ်တဲ့ ပန်းချီကားလေးကို လက်စသတ်နေရသည်။ နေ့နေ့ညည ဒီပန်းချီကားကို တသသနှင့်ဖြစ်နေတာ.. ဘယ်လောက်တောင် အရေးကြီးလို့များလဲ။

"ဗိုလ်ချုပ် ခဲဒါဆီတို့လာရင် ကျွန်တော် ဘားမှမဖြေရှင်းပေးတတ်ဘူး ဆရာ"

"ဒုန်း!!"

​ဒေါသထွက်''နှင့် စားပွဲခုံကို အားဖြင့်ထုလိုက်သည်။ မသိလျှင် သပ်သပ်လိုက်ပြီးနှောက်ယှက်နေသလိုကာခံစားရသည်။

"ချန်ရွှမ်း... မင်း သပ်သပ်ငါ့ကို အာရုံလိုက်နှောက်နေတာလား"

"အဲ့လိုမဟုတ်ပါဘူး ဆရာ"

"ငါသိတယ် ချန်ရွှမ်း မင်းမနာလိုနေတာ ဒီနေ့ ဝမ်မျိုးရိုးငါ့ကိုအဖြေပေးမှာမို့ မင်းငါ့ကိုသွားလမ်းပိတ်ချင်နေတာမဟုတ်လား"

"ဆရာ...ကျွန်တော့်ကိုမစွပ်စွဲနဲ့"

"စွပ်စွဲတယ်ဟုတ်လား ရီရတယ် ချန်ရွှမ်း မင်းဘယ်လောက် ဟန်ဆောင်နေနေ အမှန်တရားက မျက်နှာမှာလာပေါ်တယ် သိထား"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now