PART - 1{မာလီပါး (ခေါ်) ဒုတိယ မကာအို}

1.5K 97 16
                                    

(Uni)

အရှေ့မြောက်ဒေသတွင် တောင်ကြီး၊
အင်းလေးနယ်များနှင့်ဆန့်ကျင်စွာ ဘိန်းခင်းများ၊‌လောင်းကစားများ၊နယ်မြေလုပွဲများနှင့်တိုက်ပွဲများကြောင့် ကျော်ကြားလာခဲ့သည့်ဒေသ...

မြန်မာနိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခုထဲမှ တစ်ခုဖြစ်သည့်ဒေသ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

"ကိုးကန့်"ဆိုသည်မှာ တရုတ်ဘာသာစကားအရ "ပြတ်သားရဲရင့်သောလူမျိုး"ဟုအဓိပ္ပာယ်ရလေသည်။
ကိုးကန့်လူမျိုးများသည် ယူနန်နယ်ရှိ
ဟန်တရုတ်များကဲ့သို့
တရုတ်ဘာသာစကား (mandrain)ကို‌
ပြောဆိုနိုင်ကြသည်။

ဟန်တရုတ်များသည်
ကိုးကန့်ဒေသသို့ (၁၇-၁၉)ရာစုအတွင်းပြောင်းရွှေ့‌နေထိုင်ခဲ့ကြသောကြောင့်
ထိုဒေသ၏လူဦးရေ၁၀၀%တွင်၈၇%မှာ ကိုးကန့်လူမျိုး၊ဟန်တရုတ်များဖြစ်ကြသည်။

တရုတ်ပြည်နှင့် မိုင်သုံးဆယ်ကျော်ထိစပ်နေသော ကိုးကန့်ဒေသတွင် တရုတ်ပြည်သို့သွားရန် တရားဝင်နယ်စပ်ဂိတ်နှစ်ခုရှိရာ
လောက်ကိုင်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ရန်လုံကျိုင်းဂိတ်နှင့်
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော
နမ့်ဖာဟော်နယ်စပ် ဂိတ်တို့ဖြစ်သည်။

ထိုဒေသ၏ အချက်အချာအကျဆုံးမြို့တော်....
မာလီပါးဟု တစ်ချိန်ကတင်စားခဲ့ကြသည့်မြို့....

"လောက်ကိုင်"

လောက်ကိုင်မြို့သည်
ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးနှင့် မိုင်(၁၀၀)ကျော်ခန့်ကွာဝေးပြီး လာရှိုးမြို့ထက်သာလွန်စွာစည်ကားလှသည်။
လောက်ကိုင်မြို့လမ်း‌မထက်၌သွားလာနေကြသောတရုတ်လူမျိုးများ၊ပတ်ပတ်လည်ရှိသော ဆိုင်ခန်းများ၌လည်း တရုတ်စာများကနေရာယူထားသည်။

စကားသံများကလည်း တရုတ်စကားမှလွဲ၍ မည်သည့်ဘာသာစကားသံမှမကြားရ...သုံးစွဲသည့် ပိုက်ဆံများကလည်း တရုတ်ငွေယွမ် သာဖြစ်သည်။
လောက်ကိုင်မြို့၏အဓိကနေရာသည် တုံချိန်
ထိုနေရာသို့ရောက်သွားလျှင်
တရုတ်ပြည်မကြီးရောက်သွားသကဲ့သို့ .....

သို့....မာလီပါး  [Complete]Where stories live. Discover now