PART - 6 (U/Z)

266 26 0
                                    


"နိုက်ရေ ဒီမှာ"

"လာပြီဗျ"

"နိုက်ရေ"

"လာပြီ‌ဗျို့"

အလုပ်ဆင်းခါနီးမှ တောင်ကခေါ်လိုက်၊မြောက်ကခေါ်လိုက်ဖြင့် အလုပ်ရှုပ်နေရ၏။

သူ့တို့ပါးစပ်ထဲ ကိုယ့်နာမည်က စွဲနေသည်ထင်ပါရဲ့။

ဟိုလူကလည်း နိုင်း ၊ဒီလူကလည်းနိုင်း။
ပြီးတော့ နိုင်းလည်းမဟုတ် နိုက်တဲ့...

စားဖိုမှူးများထဲတွင် ဗမာစားဖိုမှူးအနည်းငယ်သာပါပြီး လူမျိုးခြားစားဖိုမှူးများကများလေသည်။

ထိုစားဖိုမှူးများက နိုင်းနာမည်ခေါ်သည့်အခါ ဝဲတဲတဲနှင့်မို့ ခေါ်သံကတစ်မျိုးကြီးဖြစ်နေ၏။

သူတို့ပါးစပ်ထဲ ခေါ်လို့ကောင်းပုံပေါ်နေပေမယ့် နိုင်းနားထဲတွင်တော့ ကန့်လန့်ကြီးဖြစ်နေကာ နားထောင်ရခက်လှ၏။

အားလုံးပြီးဆုံး၍ ပြန်ဖို့ပြင်တော့ (၄)နာရီရှိနေပြီဖြစ်သည်။

ထုံးစံအတိုင်း လောင်းကုတ်ကိုဝတ်ကာ ကိုယ့်ပစ္စည်းကိုသိမ်းရင်း အပြင်သို့ထွက်လာလိုက်၏။

လမ်းမပေါ်၌ ညငှက်ကလေးများနဲ့ ဖိုးသမားများကိုတော့ ဟိုတစ်ချို့ဒီတစ်ချို့တွေ့နေရသေးသည်။

သူတို့အတွက်ကတော့ ‌နောက်ကျသည့်ပုံ မပေါ်သေး။
ဤကဲ့သို့ အချိန်များက အချိန်ကောင်းမဟုတ်ပါလား။

လမ်းမအစွန်တွင်တွင်ထိုင်ကာ ဖိုးရှူနေကြသည့် ‌ဖိုးသမားများ။

နိုင်းကြောက်မိသည်က ထိုအရာပင်။
ဖိုးသမားများက ဖိုးမှိန်း မှိန်းနေကြသည်မို့ လူစိတ်မရှိကြ။

တော်ကြာ နိုင်းကိုသတ်ပြီး သူ့ဆီက ပိုက်ဆံတွေလုသွားမှဖြင့်...
ကိုယ်နှင့်အဝေးကြီးဆိုလည်း တော်သေး၏။
ခုက ကိုယ်‌သွားမယ့်လမ်းရှေ့တည့်တည့်မှာဆိုတော့...‌မဖြစ်...

ထို့ကြောင့်နိုင်း သွားလက်စခြေလှမ်းများကိုရပ်တန့်ကာ လမ်းမအားသေချာကြည့်လိုက်၏။

ထို့နောက်လက်သီးဆုပ်၍ ပါးစပ်မှတစ်၊နှစ်၊သုံး ရေကာ လမ်းမတည့်တည့်သို့ နောက်မလှည့်ကြည့်ဘဲ ပြေးတော့သည်။

သို့....မာလီပါး  [Complete]Where stories live. Discover now