PART - 9 (U/Z)

399 49 47
                                    

(Uni)

ဘာလိုလိုနဲ့ နောက်တစ်ရက်နှစ်ရက်ဆိုလျှင် နှစ်သစ်တောင်ရောက်တော့မည်။
တစ်နှစ်တစ်နှစ်က ဘာရယ်မဟုတ် ကုန်ဆုံးသွားသည်ကလည်းမြန်လှသည်။

တစ်ယောက်တည်း အထီးကျန်ကာဖြတ်သန်းခဲ့ရသည့်လများက ဒီနှစ်အတွင်းမှာတော့ အဓိပ္ပာယ်ရှိခဲ့ပါ၏။
နှစ်သစ်မှာသူများတွေလို ကိုယ့်ရပ်ကိုယ့်ရွာပြန်ချင်ပေမယ့်လည်း သူ့မှာကပြန်စရာအိမ်
မရှိ။

ဒီဒေသမှာ နေလာခဲ့သူမို့ ဒီဒေသကသာသူ့မွေးရပ်မြေကဲ့သို့ဖြစ်နေလေပြီ။
ဆက်သွယ်စရာဆွေမျိုးများလည်းမရှိပေ။

ယုတ်စွအဆုံး ခုလက်ရှိကိုပဲကြည့်။သူ့မှာအပေါင်းအသင်းသူငယ်ချင်းဟူ၍လည်းမရှိ။
အလုပ်လုပ်ရာကာစီနိုတွင်လည်း သာကော၊အားမိန်တို့လောက်နှင့်သာ တရင်းတနှီးရှိ၍ ကျန်သူများနှင့်ကတော့ မေးထူးခေါ်ပြောအဆင့်လောက်သာရှိသည်။
နိုင်းတို့၏ ပေါင်းသင်းဆက်ဆံရေးကထိုမျှလောက်ကောင်းပါသည်။

နိုင်းအလုပ်ခဏနားချိန်ဖြစ်လို့ခဏနား‌နေချိန်အပြင်သို့ကြည့်လိုက်မိစဉ် မြင်လိုက်ရသည့်မြင်ကွင်းတစ်ခု။

မိန်းကလေးတစ်ဦးနှင့် ယောကျာ်းတစ်ဦးက လမ်းထောင့်၌စကားပြောနေကြသည်။
မှောင်ရိပ်ကျနေလို့ မျက်နှာများကိုသဲကွဲစွာမမြင်ရပေမယ့် သူတို့၏ပုံရိပ်များကိုတော့ရှင်းလင်းစွာမြင်တွေ့နိုင်သည်။

ရုတ်တရက်ကြည့်လျှင်မသိသာပေမယ့် သေချာကြည့်လျှင်ထိုမိန်းက‌လေးသည် တောင်ကြည့်မြောက်ကြည့်နှင့် စကားပြောနေပြီး အမျိုးသားဖြစ်သူကတော့ တည်ငြိမ်နေသည်။

နိုင်းထိုမိန်းကလေးအား မြင်ဖူးနေသောကြောင့် သေချာကြည့်နေမိသည်။သို့သော်မိန်းကလေးကသူ့ကိုကျောပေးထားသည်မို့ သိပ်တော့မမြင်ရ။

ထို့နောက်ထိုနှစ်ယောက်သည် ပစ္စည်းတစ်ခုကို အလဲအလှယ်လုပ်လိုက်ပုံရသည်။ယောက်ျား၏လက်ထဲမှတစ်ခုခုအား မိန်းကလေးကယူလိုက်ကာ သေချာသိမ်းလိုက်လေသည်။

နိုင်းကြည့်နေစဉ်မှာပင် ထိုမိန်းကလေးသည်ပြန်လှည့်လာကာ ကာစီနိုထဲသို့လျှောက်လှမ်းလာလေတော့သည်။

သို့....မာလီပါး  [Complete]Where stories live. Discover now