PART - 10 (U/Z)

425 42 41
                                    

(Uni)

တာရွှေထန်ကျေးရွာ

တာရွှေထန်သည်လောက်ကိုင်မြို့မှ လှမ်းမြင်နိုင်သည့် တောင်တန်းတစ်ခုပေါ်၌တည်ရှိလေသည်။ရှေးကျသည့်ရွာလေးဖြစ်သလို ‌ထိုရွာရှိ အိမ်များ၏တည်ဆောက်ပုံများကလည်းရှေးဆန်လှကာ ရှေးခေတ်တရုတ်ရိုးရာအိမ်များကဲ့သို့ပင် အိမ်တိုင်းလိုလိုက ကျောက်ခဲလေးများဖြင့်ဆောက်လုပ်ထားလေသည်။

အိမ်တိုင်း၌ ဝက်ပေါင်ခြောက်များ၊ပြောင်းဖူးခြောက်များကို ‌အလှမီးဆိုင်းကဲ့သို့
တွဲချိတ်ထားကြသည်ကိုလည်းတွေ့မြင်နိုင်သည်။
ထိုမျှမက အိမ်ရှေ့ထွက်ကာ ထိုင်နေသောအသက်(၈၀)(၉၀)အရွယ် အဘိုးအို၊အဘွားအိုကြီးများကိုတွေမြင်နိုင်သလို ညနေဘက်များတွင်လည်း အိမ်ရှေ့၌ ဝိုင်းဖွဲ့ကာ
မာကျောက်ကစားနေကြသောလူကြီးများကိုလည်းမြင်တွေ့နိုင်လေသည်။

ကိုးကန့်၊ရှမ်း၊ပလောင်၊မြောင်ဇီး၊ဗ‌မာ စသည်ဖြင့်တိုင်းရင်းသားမျိုးစုံရှိသောရွာလေးက အိမ်ခြေဘယ်လောက်မှမများပေ။
တရုတ်စာသင်ကျောင်းတစ်ကျောင်းနှင့်မြန်မာစာသင်ကျောင်းတစ်ကျောင်းရှိကာ
ကျောင်းသားဦးရေကလည်းနည်းလှသည်။

‌တာရွှေထန် ဘေးပတ်ပတ်လည်သို့ကြည့်လိုက်ပါကတောင်များကိုထပ်မံမြင်တွေ့နိုင်ပြီး
ထိုတောင်ပေါ်၌စစ်တပ်တစ်တပ်က တပ်စွဲထားလေသည်။စပ်တပ်ကလည်းတာရွှေထန်တွင်တစ်တပ်နှင့် ထိုတောင်ပေါ်တွင်တစ်တပ်
နှစ်တပ်ရှိကာ ထိုတောင်ပေါ်ရှိစစ်တပ်၏ရှေ့ကလမ်းကတော့
ကုန်းကြမ်း၊ညမ်ခွမ်း သို့သွားသည့်လမ်းဖြစ်သည်။

‌ဈေးကလည်း ငါးရက်တစ်ဈေးဖြစ်ကာ
ထိုဈေးနေ့တွင် ကျေးရွာဘက်မှတိုင်းရင်းသားများကလာရောက်ရောင်းချကြလေသည်။
ဈေးတွင်အများစုရောင်းချကြသည်ကတော့ လက်‌ဖက်ခြောက်များဖြစ်ကြသည်။

ထိုဈေးတွင် တရုတ်များသာမက ဗမာများ၊
ပလောင်များကလည်းရောင်းကြသည်။
ဈေးတန်းကလည်းရွာထဲသွားရာလမ်းတစ်လျှောက်ဖြစ်သည်မို့ ရှည်လျားလွန်းလှ၏။

တာရွှေထန်တွင်ပေါများစွာပေါက်ရောက်နေသည်ကတော့ မက်မန်းသီးပင်များ၊ပန်းသီးစိမ်းပင်များ၊မက်ခေါက်သီး(ပင်စိမ်းသီး)၊သစ်တော်သီးအရိုင်းများ စသည်တို့ဖြစ်ကြသည်။

သို့....မာလီပါး  [Complete]Where stories live. Discover now