PART - 15 (U/Z)

328 32 1
                                    

မီးဖိုခန်းထဲ၌ တပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးသည် ထည့်မည့်သူမရှိသောကြောင့်ပွက်မြဲ၊ပွက်လျက်။
ဆူနေသည်မှာကြာနေပြီဖြစ်သောကြောင့်
ရေက မူလရှိသည့်အမှတ်ကို‌တောင်
လေးငါးစိတ်လျော့နေလေပြီ။

တကယ်တော့ လူမရှိသောကြောင့်မဟုတ်။
ထိုပွက်နေသောရေနွေးအိုးရှေ့၌ ထိုင်နေသောလူတစ်ယောက်ရှိနေပြီး
ထိုလူသည် ထိုအိုးကိုကြည့်လျက်အတွေးကမ္ဘာထဲရောက်နေပုံရသည်။

‌စားပွဲပေါ်၌လည်း စားကြွင်းစားကျန်ပန်းကန်များက ဟိုတစ်ခွက် ဒီတစ်ခွက်ဖြစ်နေသလို
ပွက်နေသောရေနွေးအိုးဘေး၌လည်း
ထမင်းစေ့များက အစုလိုက် အစုလိုက်။

အသိမရှိစွာထိုင်နေသောလူက
လက်ထဲ၌ဆေးလိပ်တစ်လိပ်ကိုင်ထားကာ
ထိုဆေးလိပ်သည်မီးစွဲနေသော်လည်း သောက်သုံးခြင်းမခံရသည့်အတွက် ဆေးလိပ်ပြာနှင့်အ‌ငွေ့များက လေနှင့်တလွင့်လွင့်ဖြစ်နေလေသည်။

ထိုလောင်ကျွမ်းနေသည့်ဆေးလိပ်က အချိန်ကြာလာတော့ တဖြည်းဖြည်းတိုလာရင်း
ကိုင်ထားသည့်လူ၏ လက်နားသို့ရောက်လာ၏။

"အ့!!!"

ထိုအခါမှ ထိုလူသည်အသိစိတ်ဝင်လာကာ
မျက်စိရှေ့၌ ဖြစ်ပျက်နေသည့်အရာများကို မြင်ပုံရသည်။

"အာ ရေနွေးအိုးဆူနေပြီပဲ။‌ထည့်ရအုံးမယ်"

ရေနွေးထည့်ဖို့ပြင်လိုက်ပေမယ့်
အနားမှာထည့်ဖို့ဓာတ်ဘူးကရှိမနေ။
တောင်မြောက်ဝေ့ဝိုက်ရှာလိုက်ကာမှ ဓာတ်ဘူးကရှိသင့်သည့်နေရာမှာရှိမနေဘဲ
တီဗီစင်ပေါ်သို့ရောက်နေ၏။

စိတ်ပျက်လက်ပျက် ကျစ်တစ်ချက်သပ်လိုက်ရင်း သွားယူလိုက်ကာ တစ်ဝက်တောင်မရှိတော့သည့်ရေနွေးကိုထည့်လိုက်တော့သည်။
ထို့နောက် ရှုပ်ပွနေသည့်အမှိုက်များကိုရှင်းလင်း၍ အိမ်ရှေ့သို့ပြန်ထွက်လာရင်းဆိုဖာပေါ်ထိုင်၍ တီဗီဖွင့်ထားလိုက်သည်။

အရောင်အသွေးအစုံအလင်နှင့်ပြသနေသည့် တီဗီလိုင်းက သူ့အာရုံတွေကိုအပြည့်အဝ
ဖမ်းစားနိုင်ခြင်းမရှိ။

"ကိုယ်ပြန်လာခဲ့မယ်။စောင့်နေပေးပါ"တဲ့

သွားခါနီးပြောခဲ့သည့်စကားက ရှင်းရှင်းလေးသာ။

သို့....မာလီပါး  [Complete]Where stories live. Discover now