PART - 8 {နဝတ/နအဖ အဖွဲ့နှင့် ကိုးကန့်အရေးအခင်း}

414 45 26
                                    

(Uni)

(နဝတ/နအဖ အဖွဲ့ပေါ်ပေါက်လာပုံ၊အကြမ်းဖက်မှုများနှင့်၊ဖိအားပေးမှုများကြောင့်ဖြစ်ပေါ်လာခဲ့သည့် အရေးအခင်းများ)

၁၉၈၈၊ဇွန်လအတွင်း နိုင်ငံတဝန်းဆန္ဒပြမှုများပေါ်ပေါက်နေချိန်....

၁၉၈၈၊ဇူလိုင်လ၂၃ရက်၌ပြုလုပ်ခဲ့သည့်
ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)၏
အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဌ
ဦးနေဝင်းနှင့်သမ္မတဦးစန်းယုတို့သည် ရာထူးမှအသီးသီး နုတ်ထွက်ခဲ့ကြပြီးနောက် သမ္မတနှင့်ပါတီဥက္ကဌနေရာအတွက် ဦးစိန်လွင်ကိုခန့်အပ်ခဲ့ကြသည်။

၁၉၈၈၊ဩဂုတ်၈တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌လူထောင်ပေါင်းများစွာပါဝင်ခဲ့သည့်ဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့ပြီး ထိုကဲ့သို့သောဆန္ဒပြပွဲများသည် နိုင်ငံတစ်ဝန်း၌ပေါ်ပေါက်ခဲ့သည်။

ထိုဆန္ဒပြပွဲများကို တပ်မတော်ကအကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့် လူရာနှင့်ချီသေဆုံးခဲ့ရသည်။

ထို့နောက် ဩဂုတ်(၁၃)၌သမ္မတရာထူးမှ ဦးစိန်လွင်နုတ်ထွက်ကြောင်း မြန်မာ့အသံမှကြေညာခဲ့ပြီး ဒေါက်တာမောင်မောင်ကိုသမ္မတအသစ်ခန့်အပ်ကာ ရန်ကုန်မြို့တွင်ချထားသည့်တပ်များကိုပြန်လည်ရုတ်သိမ်းခဲ့သည်။

သို့ပါသော်လည်း ပြည်သူလူထု၏ဆန္ဒပြမှုများမှာရပ်တန့်မသွားဘဲ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းနေခဲ့ရသည့်အတွက် အကြမ်းဖက်မှုများပြန်လည်ပေါ်ပေါက်လာခဲ့သည်။

၁၉၈၈၊စက်တင်ဘာ၁၈ရပ်၌ တပ်မတော်က
ရန်ကုန်မြို့အတွင်းသို့စစ်ဆင်ရေးပုံစံဖြင့်
ဆန္ဒပြသူများအား ဝင်ရောက်အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အာဏာသိမ်းယူခဲ့သည်။ထို့နောက်

"ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာမဖြစ်စေရန် တပ်မတော်က အာဏာသိမ်းလိုက်ရခြင်းဖြစ်ကြောင်း"

တပ်မတော်ကထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
စောမောင်ဦးဆောင်သည့်

သို့....မာလီပါး  [Complete]Where stories live. Discover now