PART - 4 (U/Z)

585 60 24
                                    

(Uni)

"အာ...ဝူး...ဝူး..."

"ဝုတ်...ဝုတ်...ဝုတ်"

တိတ်ဆိတ်နေသောပတ်ဝန်းကျင်.‌.
မှောင်မိုက်နေသောပတ်ဝန်းကျင်၌ ခွေးအူသံများကကြီးစိုးလျက်..

‌လူခြေတိတ်၍ ငြိမ်သက်နေသောပတ်ဝန်းကျင်ကား ကြောက်ရွံ့ဖွယ်အတိဖြစ်နေ၏။

မြူများရစ်ဆိုင်းအုံ့မှိုင်းလျက်
လူတစ်ယောက်၏ကိုယ်ခန္ဓာအားထုံထိုင်းကာအကြောသေစေသည်အထိဖြစ်စေနိုင်သည့် အအေးဓာတ်ကလည်း တောင်ပေါ်ဒေသတွင်တော့ မထူးခြားလှ။

ခပ်လွှလွှတိုက်ခတ်သွားသည့်
ချမ်းစိမ့်စိမ့်လေထုအကြား ယစ်မူးပျော်ဝင်စေနိုင်စွမ်းရှိသည့် ညမွှေးပန်းအနံများကလည်း တစ်ခါတစ်ရံများတွင်တော့ စူးရှလှ၏။

ပတ်ဝန်းကျင်က
တိတ်ဆိတ်နေသော်လည်း
ငြိမ်သက်နေသော်လည်း
မအေးချမ်းနိုင်သည့်နေရာတစ်ခုကတော့

"ဆေးပေးပါ....ဆေး...အားးး..ငါ့ကိုဆေးပေးကြ။ဆေးပေးကြပါ"

"အား..ဆေးပေးပါ။တောင်းပန်ပါတယ်။
ပေးပါ"

"သတ်မှာ...ငါမင်းတို့ကိုသတ်မှာ..အားးး"

အိမ်ခြေကင်းမဲ့၍ လူသူအရောက်နည်းသောနေရာတစ်ခုရှိ

တစ်ခုတည်းသောအိမ်အိုကြီးအတွင်းမှာတော့
ဆယ်ယောက်ထက်မနည်းသောလူများသည် အော်ဟစ်သောင်းကျန်းလျက်ရှိပြီး

လက်များတွင်လည်း လက်ထိပ်များအခတ်ခံထားရသလို ခြေထောက်၌သံကွင်းများဖြင့်လည်း အချုပ်ခံထားရသည်။

ဖုန်တစ်လိပ်လိပ်ထနေသော မြေကြီးပေါ်၌ အခင်းမရှိအကာမရှိထိုင်နေကြရကာ သွေးသံများထွက်ပေါ်လျက် ဆေးဆိုသည့် အမည်နာမတစ်လုံးအား ထပ်ကာထပ်ကာရွတ်လျက် အသိစိတ်ပျောက်ဆုံးနေကြသည်။

ထိုလူများ၏ ဘေးတွင်တော့ အစောင့်များက စောင့်နေကြလျက်ရှိ၏။

ခက်ထန်ကြမ်းတမ်းပုံရသောအစောင့်များသည် တစ်ချက်တစ်ချက်တွင်တော့
ထိုအော်ဟစ်နေသည့်လူများအား ရိုက်နှက်၍
နှုတ်မှလည်း အဖမ်းဆီးခံလူများ
နားမလည်နိုင်သည့်ဘာသာစကားများဖြင့်ပြောဆိုနေ၏။

သို့....မာလီပါး  [Complete]Where stories live. Discover now