PART - 12 (U/Z)

421 51 35
                                    

ဧည့်ခန်းထဲ၌ထိုင်နေသည့်ရှင်းသည်
ကွန်ပြူတာထက်ပြေးလွှားနေသည့်လက်တို့ကို အနားမပေး။
ဘေး၌လည်း ဆေးလိပ်ပြာခွက်တစ်ခုချထားကာ ထိုဆေးလိပ်ပြာခွက်ထဲ အရှိန်မသေသေးသည့် ဆေးလိပ်တိုတစ်လိပ်ကလည်း
ကြွင်းကျန်နေ၏။

ဘယ်အချိန်ထဲဖျော်ထားမှန်းမသိဘဲ
အရာမယွင်းအပြည့်အဝကျန်ရှိနေသေးသည့် ကော်ဖီခွက်ကလည်း အပူလျော့ကာအေးစက်နေလေပြီ။
ခပ်မှိန်မှိန်အလင်းရောင်သာထွန်းထားသည့်အခန်းက တိတ်ဆိတ်ငြိမ်သက်နေကာ သေချာကြည့်ပါမှလည်း ရှင်းကိုတွေ့နိုင်၏။

ကွန်ပြူတာကိုသာအာရုံစိုက်နေသည့်ရှင်းက မျက်မှောင်ကြုတ်ထား၍ နှစ်ခုကနီးစပ်လုမတတ်။
ရှုပ်ထွေးလှသည့်မြို့တစ်ခု၏မြေပုံနှင့်
ရှုပ်ထွေးလှသည့်တရုတ်စာများကိုဂရုတစိုက်ရိုက်နေပုံက တိကျသေချာစွာ။

တော်တော်ကြာပြီး လိုအပ်သည့်အနေအထားရကာမှ ကွန်ပြူတာဘေးဘက်အ‌ပေါက်ရှိ
ကဒ်အသေးလေးကိုထုတ်လိုက်ပြီး အင်္ကျီအတွင်းအိတ်ကပ်ထဲသို့ထည့်လိုက်၏။

"ရှင်း ဘာလုပ်နေတာလဲ"

"ဒီမှာလေ ကာစီနိုကမေးလ်တွေစစ်ကြည့်နေတာ။"

အနားရောက်လာာကာ ‌ဘေးမှာထိုင်ချလာသည့်နိုင်းက ဖြူဖျော့ဖျော့နှင့်။
တာရွှေထန်ကပြန်လာပြီးကတည်းက နေမကောင်းဖြစ်နေတာ အခုထိမသက်သာသေး။

"အဖျားရှိသေးတာလား ပြကြည့်ကိုယ်စမ်းကြည့်မယ်"

ထိုးပေးလာသည့်နဖူးပေါ်လက်တင်ကာ အဖျားစမ်းလိုက်တော့ ငြိမ်သက်စွာခံယူလာသည်။

"သိပ်တော့မပူတော့ဘူး။
ကိုယ်ဆန်ပြုတ်ပြန်နွှေးပေးမယ်။စားလိုက်ပါလား"

"ငါ့ဟာငါပဲသွားနွှေးလိုက်ပါ့မယ်။မင်းလုပ်စရာရှိတာသာလုပ်။"

"ရပါတယ်။ကိုယ်လည်းပြီးပြီ။
အခုပဲလက်စသတ်ပြီးတာ"

ဖွင့်လက်စကွန်ပြူတာကိုဒီအတိုင်းထားခဲ့ကာ
ထထွက်သွားသူကို နောက်ကလိုက်ကြည့်နေရင်း ချမ်းတုန်လာသည့်ခန္ဓာကိုယ်ကို နွေးစေရန်အလို့ငှာ အိပ်ခန်းထဲကယူလာသည့်စောင်ကို ပတ်ထားကာထိုင်နေလိုက်သည်။

သို့....မာလီပါး  [Complete]Tahanan ng mga kuwento. Tumuklas ngayon