PART - 16 (U/Z)

419 40 29
                                    

"ဌာနချုပ်"
ဟုရေးထားသည့် အခန်းတစ်ခန်းထဲမှ ထွက်လာသောလူတစ်ဦး။

ခပ်တိုတိုညှပ်ထားသောဆံပင်၊ဖြူဖွေးသောအသားအရည်၊မြင့်မား‌သောအရပ်၊တည်ကြည်သောမျက်နှာနှင့် ထိုလူက ယောက်ျားပီသလွန်းလှသည်။

ကော့ပြန့်နေအောင် မီးပူတိုက်ထား၍ စမတ်ကျစွာဝတ်စင်ထားသော ယူနီဖောင်းက ထိုလူ၏ခန္ဓာကိုယ်ထက် အချိုးအစားကျကျ။

ခါး၌ဝတ်ဆင်ထားသောခါးပတ်က တောက်ပြောင်လျက်ရှိကာ ခါးမှာတော့ စကားပြောစက်တစ်လုံး တပ်ဆင်ထားသည်။

အရယ်အပြုံးမရှိ တည်ကြည်သောမျက်နှာထားနှင့်ထိုလူက ဘေးပတ်ဝန်းကျင်ကိုလည်းဂရုစိုက်မှုမရှိ။

လမ်းတစ်လျှောက်နှုတ်ဆက်လာသည့်
လူများကိုလည်း ခေါင်းညိမ့်ပြရုံသာ အသိအမှတ်ပြု၏။

ဘယ်ဘက်လက်တစ်ဖက်၌ စာအုပ်တစ်အုပ်နှင့်ဘောပင်တစ်ချောင်းပူးတွဲကိုင်ထားကာ ညာဘက်လက်မှာတော့ ဦးထုပ်တစ်လုံးကို ခန္ဓာကိုယ်နှင့်ကပ်၍ ကိုင်ထားလေသည်။

လမ်းလျှောက်နေရင်းတစ်ချက်တစ်ချက်မှာတော့ ထိုဘောပင်နှင့်စာအုပ်ကိုခွာကာ တစ်တောက်တောက် လုပ်နေလေသည်။

ထိုသို့လူတကာ‌ငေးမောရလောက်အောင် နတ်ဘုရားတစ်ပါးသဖွယ်အရှိန်အဟုန်ဖြင့် စမတ်ကျကျလမ်းလျှောက်လာသူက တကယ့်တကယ်ကို ချောမောလွန်းပါသည်။

ပုခုံးထက်၌ ပြောင်လက်နေသည့် ကြယ်ပွင့်သုံးပွင့်ကနေရာယူထားသလို
ဘယ်ဘက်လက်ကောက်ဝတ်မှာတော့
လက်ပတ်ကြိုးလေးတစ်ကြိုးကနေရာယူထားလေသည်။

ထိုလူ၏ ဘယ်ဘက်ရင်အုံရှိ ယူနီဖောင်းထက်၌ရေးထိုးထားသည့်နာမည်တစ်ခုကတော့.......

"Capt: Thura Sit Thwin"

***********

မီးမှောင်နေသောအိမ်တစ်အိမ်က
မီးပျက်နေခြင်းမဟုတ်ဘဲ တမင်တကာမဖွင့်ခြင်း ဒါမှမဟုတ် လူမရှိသောကြောင့်ဖြစ်ပါလိမ့်မည်။

သို့သော် ဧည့်ခန်းထဲ၌အလင်းခပ်မှိန်မှိန်ထွန်းထားသောကြောင့် လူမရှိဟုယူဆ၍လည်းမရပြန်။
သေချာကြည့်ပါက ဆိုဖာပေါ်၌ လူတစ်ဦးထိုင်နေသည်ကို မသဲမကွဲတွေ့ရလေသည်။

သို့....မာလီပါး  [Complete]Where stories live. Discover now