နွေးထွေးမှုသဲ့သဲ့ - ဇာတ်လမ်းမိတ်ဆက်

3.9K 302 7
                                    

ဇာတ်လမ်းအကျဉ်း

ဒဏ္ဍာရီတွေက ဒီလိုပြောကြတယ်။ ယဲ့ဖေ့ထျန်းရဲ့သွေးက သေခါနီးလူကိုတောင် ကယ်တင်နိုင်တဲ့ ဆန်းကြယ်တဲ့သတ္တိရှိသတဲ့။ တရားမျှတမှုဆိုတဲ့ခေါင်းစဉ္အောက်မှာ ပုရွက်ဆိတ်တွေ၊ အင်းဆက်တွေလို အပြုံလိုက်ကြီးရှိနေတဲ့ မဟာလူသားကြီးတွေက သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့ သူ့ကိုလိုချင်ကြတယ်။

အဲ့ဒီ၀ိသမလောဘသားတွေကို သဲဝါတွေသုံး​ပြီးချေမှုန်းရင်း ယဲ့ဖေ့ထျန်းတစ်ယောက် သူ့ရဲ့ဒဏ်ရာဒဏ်ချက်တွေန​ဲ့ခန္ဓာကိုယ်ကို သွေးအိုင်ထဲမှာလဲကျခွင့်ပြုလိုက်တော့တယ်။

တိုက်ပွဲရဲ့ အစွန်းတစ်နေရာကနေအမျိုးသမီးတစ်ဉီးပေါ်လာပြီး သူ့ဆီကိုတိတ်တဆိတ်ပဲ ချဉ္းကပ်လာတယ်။

ရှိသမျှအားတွေကိုသုံးရင်း ယဲ့ဖေ့ထျန်း ယဲ့ယဲ့လေးပြုံးလိုက်မိတယ်။ အနိမ့်စားစွမ်းအားရှင်တစ်ယောက်ကတောင် သူ့ရဲ့ အသွေးတွေအသားတွေကို ဆောင်ယူရဲသွားပြီပဲ။

သူ့မျက်လုံးတွေကိုမှိတ်လိုက်တဲ့အချိန်မှာပဲ အဲ့ဒီအမျိုးသမီးက သူ့အပေါ်ကို ခြုံထည်တစ်ခုလွှမ်းပေးလာတယ်။

ယ​ဲ့ဖေ့ထျန်း: ???

ချူချန်ရွှင်သေသွားတော့ တခြားအပြိုင်ကမ္ဘာတစ်ခုမှာဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ တွေ့မြင်ခဲ့ရတယ်။

အဲ့ဒီကမ္ဘာမှာ လူတိုင်းကြောက်ရွံ့ရတဲ့ မိစ္ဆာကြီးဟာ မကောင်းဆိုးတစ်ကောင်မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူမကိုတော့ရှက်ပြုံးလေးပြုံးပြတတ်တယ်။

အဲ့ဒီအပြုံးတစ်ခုအတွက်နဲ့ သွေးပင်လယ်ဝေနေတဲ့ အလောင်းတွေကိုကျော်ဖြတ်ပြီး သွေးဆာရက်စက်လွန်းတဲ့မကောင်းဆိုး၀ါးအနားကို သူမချဉ္းကပ်လာမိတယ်။

ဒါပေမယ့် အဲ့ဒီလူကပြောတယ်။
" ထွက်သွား...မင်း ငါ့အနားကိုလာရင် မင်းကိုရက်ရက်စက်စက်သတ်ပစ်မှာ"တဲ့

သူမ တကယ်တမ်းကျောခိုင်းလိုက်တဲ့အခါမှာတော့ သူမအင်္ကျီစလေးကို ပြန်ဆွဲထားတာ ခံလိုက်ရတယ်။

တစ်လောကလုံးက ငြင်းပယ်မယ်ဆိုရင်တောင် ကျွန်မကတော့ ရှင့်လက်ကို တွဲထားပါရစေ။

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now