အပိုင်း(၁၁)

578 135 3
                                    

Burmese translation of Let The Villain Go

Translator - ဂွေ့

အပိုင်း(၁၁)
_____________________________

ရုတ်တရက်ဆိုသလိုပဲ သန့်စင်ပြီးရှက်တတ်တဲ့  အဲ့အပြုံးလေးကိုချူချန်ရွှင် ပြန်မြင်ချင်သွားမိတယ်။

ယဲ့ဖေ့ထျန်းရဲ့သွေးတွေကိုသူမ တဖြည်းဖြည်းချင်း သုတ်ပေးနေမိတော့တယ်။ ခန္ဓာကိုယ်ပေါ်မှာ ရွှံ့တွေရော သွေးတွေရောဆိုတော့ ကြည်လင်နေတဲ့ရေတောင် နီရဲသွားလေရဲ့။

ချူချန်ရွှင်က ပုဝါကိုချပြီး သူမကျောပိုးအိတ်ထဲက အနာလိမ်းဆေးဘူးလေးကိုထုတ်လိုက်တယ်။ အဲ့ဒီဆေးက လမ်းပေါ်က၀ယ်လာတဲ့ အထူးအနာလိမ်းဆေးပဲ။ သွေးမတိတ်စေတဲ့ လက်နက်ကြောင့်ဖြစ်စေတဲ့ ဒဏ်ရာကို ကျက်စေတယ်။

သူမ အဖုံးကိုဖွင့်လိုက်တော့ ခပ်ကြည်ကြည် ဂျယ်လေးတွေဆီကနေ ထူးခြားတဲ့ အနံ့တစ်မျိုးထွက်နေတော့တယ်။

သူမက ဂျယ်ကိုယူပြီး ယဲ့​ေဖ့ထျန်းရဲ့ဒဏ်ရာပေါ်ကိုသေချာလေးလိမ်းပေးတယ်။ ဆူးချွန်တွေအနည်းငယ်ထွက်နေတဲ့ နီရဲရဲဒဏ်ရာက ဆေးလိမ်းပေးနေတဲ့ ချူချန်ရွှင်ကိုတောင် စူးသွားစေတယ်။

အနာရဲ့အတွင်းပိူင်းမှာ အမည်းရောင်ဆူးချွန်တွေကို ခပ်ရေးရေး မြင်နေရတာမို့ဘယ်လောက်နာမလဲဆိုတာချူချန်ရွှင်တောင် မသိနိုင်ဘူး။

ယဲ့ဖေ့ထျန်းကိုအဆုံးမရှိအောင်နှိပ်စက်နေတဲ့ ရင်ဘတ်က ဒဏ်ရာက တဖြည်းဖြည်းအေးလာပြီး သူ တဖြည်းဖြည်းပြန်ကောင်းသွားတယ်။

အမျိုးသမီးက ဆေးကို ဒဏ်ရာပေါ်ဖြည်းဖြည်းချင်းလိမ်းပေးနေတာ။ ပူလောင်နေတဲ့ဒဏ်ရာတွေဟာ ရေခဲတုံးတင်လိုက်သလို အေးမြလို့သွားတယ်။

ဆေးက အပေါ်ယံ အနာကိုပဲ ကုနိုင်တာမို့ အတွင်းဒဏ်ရာတွေကိုတော့မကုသနိုင်ဘူး။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် အရင်ကလို အဆုံးမ ရှိခံစားနေတာထက်စာရင် အခုက နည်းနည်းသက်သာသေးတယ်။

အဲ့ဒီမိန်းမရဲ့လက်တွေက နှစ်ပေါင်းများစွာဓားကိုင်လာရတဲ့အတွက် အသားမာ တက်နေလေတယ်။ အဲ့ဒါကြောင့် သူ့အသားကိုလာထိလိုက်တို်င်း ယားကျိကျိဖြစ်နေတော့တာပေါ့။

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now