အပိုင်း(၁၅)

640 140 3
                                    

Burmese translation of Let The Villain Go

Translator - ဂွေ့

အပိုင်း(၁၅)
_____________________________

သမားတော်ကို ပို့ပြီးပြန်လာတော့ စားစရာအနည်းငယ်၀ယ်ပြီး သူမ ဟိုတယ်ဆီကိုပြန်လာခဲ့တယ်။ ဝယ်ခဲ့တာက အစိမ်းရောင်အရွက်အနည်းငယ်ပါတဲ့ ပြောင်းဆန်ယာဂုတွေလေ။ ချူချန်ရွှင် မတတ်နိုင်ရင်တောင်ပေါ့။

သူမ အခန်းကိုပြန်လာပြီး ယဲ့ဖေ့ထျန်းကို ထူပေးတယ်။ ပြီးတော့ ဆန်ပြုတ်ကိုနည်းနည်းချင်းကျွေးတယ်။

ဒီလိုဆန်ပြုတ်မျိုးက အရသာမရှိဘူး။ မျိုချဖို့ကလည်းခက်သေး။ ခပ်ကြမ်ကြမ်းပြောင်းဆန်တွေက သူ့လည်ပင်းမှာကပ်နေတော့တယ်။

ဒါပေမယ့် ယဲ့ဖေ့ထျန်းက စောဒက မတက်ပါဘူး။ အရင်လို နေရမခက်တော့ပဲ အကုန် ကုန်အောင်စားတယ်။ သူ့ပါးစပ်နားကို ဇွန်းရောက်လာတိုင်း အသာတကြည်ပဲ ပါးစပ်ကို ဟပေးလေတယ်။

ချူချန်ရွှင်က သူ့ကို ဟင်းသီးဟင်းရွက်ဆန်ပြုတ်တိုက်နေတာ။ ပြီးတာနဲ့ သူမကျောပိုးအိတ်ထဲက စက္ကူထုပ်လေးကို ထုတ်ပြီးစစားပွဲပေါ်တင်ထားလိုက်တယ်။ စက္ကူထုပ်ထဲမှာ သကြားလုံးနည်းနည်းပါတယ်။

သူမတစ်လုံးစားပြီး ကျန်တဲ့တစ်လုံးကို ယဲ့ဖေ့ထျန်း ပါးစပ်ထဲ ထိုးပေးလိုက်လေတယ်။

သူမရဲ့လက်ချောင်းတွေက သူ့ရဲ့အေးစက်နေတဲ့နှုတ်ခမ်းပါးကိုထိမိသွားတော့ချက်ချင်းဆိုသလိုပဲ ပြန်ရုပ်လိုက်ရတယ်။

ချူချန်ရွှင်ရင်တွေခုန်သွားပြီး ယဲ့ဖေ့ထျန်းကို ခိုးကြည့်လိုက်မိတယ်။ တော်သေးတယ် သူသတိမထားမိပေလို့။

သူကတော့ ဘာစကားမှမပြောဘဲ ငြိမ်သက်စွာထိုင်နေတုန်းပဲ။ အချိုဓာတ်က လျှာဖျားမှာစိမ့်ဝင်လာတာမို့ သူပြုံးလိုက်မိတယ်။

ချုချန်ရွှင်ကတော့ ကရားကိုယူပြီး ပန်းကန်တွေဆေးဖို့အပြင်ထွက်သွားလေတယ်။

ယဲ့ဖေ့ထျန်းကတော့ အိပ်ယာပေါ်မှာလှဲရင်း အကွက်တွေထနေတဲ့ မျက်နှာကြက်ကိုကြည့်နေမိတယ်။ သူ့နှုတ်ခမ်းတွေကတော့ တစ်စနဲ့တစ်စပြုံးလို့။

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now