အပိုင်း(၇)

620 123 1
                                    

Burmese translation of Let The Villain Go

Translator - ဂွေ့

အပိုင်း(၇)
_____________________________

ချူချန်ရွှင် ​ကောင်းယန်အခန်းထဲကို အမြန်၀င်သွားလိုက်တော့ သူမက သေလုဆဲဆဲတောင်ဖြစ်နေပြီ။ သူမ ချက်ချင်းပဲ ပုလင်းကိုဖွင့်ပြီး ကောင်းယန်ကိုတိုက်လိုက်တယ်။

တစ်ဝက်လောက်သောက်ပြီးတော့ ​ေကာင်းယန် နာလန်ထစပြုလာတယ်။ သူမက ချူချန်ရွှင်လက်ကိုဖမ်းထားပြီး ချောင်းအနည်းငယ်ဆိုးလိုက်တာပေါ့။
"ဒါ.....ဘာ အနံ့ကြီးလဲ?"

"သောက်လိုက္။ အလကားမဖြစ်စေနဲ့"

ကောင်းယန်ခေါင်းကိုငုံ့လိုက်တော့ အရည်ဘူးကိုမြင်လိုက်ရလေတယ်။ သူမမျက်လုံးတွေကိုတင်းနေအောင်ပိတ်လိုက်ရင်း ခဏငြိမ်နေလိုက်တယ်။ ပြီးမှ သူမခေါင်းကိုမော့ပြီး တစ်ကျိုက်တည်းမော့သောက်လိုက်တော့တာပဲ။

သူမက ပုလင်းကိုလွှင့်ပစ်ရင်း ငြိမ်ငြိမ်လေးပြန်လှဲနေလိုက်တယ်။

ချူချန်ရွှင်ကတော့ သူမဘေးမှာ ငုတ်တုတ်။

ကောင်းယန်ရဲ့ ဖြူဖတ်နေတဲ့မျက်နှာက သွေးရောင်ပြန်လွှမ်းလာပြီ။ သူမဟာသူမ ထထိုင်နိုင်လောက်တဲ့အထိတောင် အားပြန်ပြည့်လာတယ်။

"အဲ့တော့ နင်သိသွားပြီပေါ့"

"ဘာကိုသိရမှာလဲ?"
ချူချန်ရွှင်က မေးခွန်းကိုမဖြေဘူး။

"ဘုရားသခင်က လက်ဆောင်ချီးမြှင့်တယ်ဆိုတဲ့ မြင့်မြတ်တဲ့ဆေးရည်တော် ဆိုတာကြီးက တကယ်တော့ လူသွေးဆိုတာ"
ကောင်းယန်က ချူချန်ရွှင်ကိုလှမ်းကြည့်လိုက်တယ်။

"အဲ့ဒါကိုသိတဲ့သူက လူအနည်းစုပဲရှိတယ်။ ငါတောင် မတော်တဆသိလာရတာ။ ဒါပေမယ့် အပြင်ကိုထုတ်မပြောရဲဘူး"

ချူချန်ရွှင်နဲ့ယှဥ္ရင် ကောင်းယွမ်က ဌာနချုပ်ရဲ့အကြီးပိုင်းအတော်များများနဲ့သိပြီး သူမဆီမှာ အတင်းအဖျင်းအောက်ဖဲအစုံအလင်ရှိတယ်။ အဲ့ဒါကြောင့်လည်း သူမက ကျန်တဲ့မိန်းမတွေနဲ့ ခပ်ဝေးဝေးမှာနေတာပေါ့။

အခုထိ ရဲနေသေးတဲ့ သူမလက်ထဲက ဆေးရည်ပုလင်းကို ကောင်းယန်ကြည့်လိုက်မိတယ်။
"ဟာသပဲနော်။ မကောင်းဆိုးဝါးတွေရန်ကနေ ကာကွယ်ပေးနေပါတယ်ဆိုတဲ့ အဲ့ဒီလူကြီးလူကောင်းများက တကယ်တော့ သူတို့ကိုယ်ကျိူးအတွက်လုပ်နေကြပြီးတော့ လူတိုင်းက ရှောင်ချင်တဲ့တစ်ယောက်သောသူကတော့ မှော်ဆေးရည်ရဲ့ အခရာလူဖြစ်နေတယ်"

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now