အပိုင်း(၅)

643 133 1
                                    

Burmese translation of Let The Villain Go

Translator - ဂွေ့

အပိုင်း(၅)
_____________________________

မီးရောင်လေးက သူ့ဆီကိုနီးကပ်လို့လာတယ်။  ကျစ်ဆံမြီးခပ်တိုတိုနဲ့မိန်းမတစ်ယောက်ပဲ။ သူမလှုပ်ရှားပုံတွေကိုကြည့်တာနဲ့ အနိမ့်စားစွမ်းအားရှင်တစ်ယောက်ဆိုတာ သိသာတယ်။

သူမက သူ့အနားကို သိချင်စိတ်ပြင်းပြစွာကပ်လာလေရဲ့။ သူမရဲ့မျက်လုံးမှာ မီးတောက်တွေရဲ့အရောင်က ဟပ်လို့။ သူမက သွေးတွေနဲ့နစ်နေတဲ့ ယဲ့ဖေ့ထျန်းကို စပ်စပ်စုစုနဲ့ကြည့်တယ်။

ယဲ့ဖေ့ထျန်းတစ်ယောက် စော်ကားသလိုခံစားလိုက်ရတာမို့ အဝေးကိုမျက်လုံးလွှဲလိုက်မိတော့တယ်။

သူ့ရဲ့ ဟိတ်ကြီးဟန်ကြီးတွေပျောက်ကွယ်သွားပြီလေ။ သူအားနည်းနေတဲ့အချိန်မှာ အားပျော့ပျော့ ပုရွက်ဆိတ်တစ်ကောင်ကတောင် သူ့အသွေးအသားတွေကို ဆောင်ယူသွားရဲနေပြီ။

အမျိုးသမီးက အချိန်ခဏတော့ ကြောင်အနေပုံပဲ။ ပြီးမှ သူမက မီးတုတ်ကို မြေကြီးပေါ်ချပြီးကျောပိုးအိတ်ထဲက ကရားတစ်ခုကိုဆွဲထုတ်ရင်း သူ့ဘေးနားထိုင်ချလာလေတယ်။

"တောင်းပန်ပါတယ်။ ကျွန်မ ပေ့ကျန်းမှာ အချိန်အတော်ကြာအောင်ရှာခဲ့ပြီးပြီ။ ဆေးရည်ကိုလည်းမဝယ်နိုင်ခဲ့ဘူး။ ကျွန်မသူငယ်ချင်းက သေတော့မှာမို့ပါ။ သူမက တီးတို​းပြောရင်း ယဲ့ဖေထျန်းရဲ့ဒဏ်ရာဆီက သွေးတွေကို ကရားထဲ ဂရုတစ်စိုက်ထည့်တယ်။

သူမကလည်း စကားချိုချိုလေးတွေပြောပြီး မကောင်းတဲ့လုပ်ရပ်ကိုလုပ်တဲ့ ဗီလိန်တစ်ယောက်ပါပဲ။ သူသာ လှုပ်နိုင်ရင် ဒီမိန်းမ အသက်နဲ့ကိုယ် အိုးစားကွဲပြီလို့ သူ့စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။

ချူချန်ရွှင်က ကရားကိုပိ်တ်ပြီး အိတ်ထဲကိုထည့်တယ်။ သူမက သွေးတွေနစ်နေတဲအမျိုးသားကို ရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်နေလေတယ်။

ပေ့ကျန်းမှာ အချိန်အတော်ကြာအောင်ရှာခဲ့တာတောင် မြင့်မြတ်တဲ့ဆေးကို မတွေ့ခဲ့ရဘူး။ စစ်ပွဲထဲ စွန့်စွန့်စားစားလာမှပဲ ကံကောင်းပြီးရတော့တယ်။ ဒါပေမယ့် သူမ နှလုံးသားကတော့ အကြောင်းမဲ့နာကျင်နေမိတယ်။
အမျိုးသားက သွေးအိုင်ထဲမှာ လှဲနေရင်း သူ့ရဲ့ ခပ်တိုတို ဆံပင်ကောက်တွေက သွေးတွေနဲ့အတူ မျက်နှာမှာ ကြည့်မကောင်းစွာ ကပ်နေတယ်။

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now