အပိုင်း (၃)

847 144 1
                                    

Burmese translation of Let The Villain Go

Translator - NC

အပိုင်း(၃)
_____________________________

ချူချန်ရွှင်က တိုက်ခန်း အရှေ့ခြမ်း အနောက်ခြမ်း မျက်နှာချင်းဆိုင် တွဲနေတဲ့ အဆောက်အဦးကြီးမှာ နေတာ။

ဒီအဆောက်အဦးထဲမှာ နေထိုင်သူတွေ အများကြီးပဲ။ အလွှာတစ်ထပ်ချင်းဆီမှာ အခန်းငယ်လေး ၂၀၊ ၃၀ လောက် အများကြီးဖွဲ့ထားတယ်။ လူဦးရေကလည်း ရာနဲ့ချီနေတာပဲ။ အသံ လုံနိုင်စွမ်းကလည်း တော်တော်ဆိုးဆိုး။ အပေါ်ထပ် အောက်ထပ်က အစာစား ရေသောက်နေတဲ့ အသံက အစ ကြားနေနိုင်တယ်။

ချူချန်ရွှင် လက်ကိုင်နှစ်ဖက်ပါတဲ့ ကရားတစ်အိုးသယ်၊ လက်တစ်ဖက်က ထင်းကို ကိုင်ပြီး ဝန်းထဲက အများသုံး မီးဖိုဆောင်ဆီသွားလိုက်တော့တယ်။

မီးခိုးကြောင့် မီးဖိုချောင်နံရံတွေ ကြပ်ခိုးတွေနဲ့ မည်းနေလေပြီ။ အထဲမှာ အုတ်မီးဖိုတွေ စီပြီး ရှိနေတယ်။ ဒီခေတ်ဒီအခါမှာ လျှပ်စစ်မီးဆိုတာ အဖိုးအနဂ္ဂကြီးမားတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာပြီ။ ပူပူနွေးနွေး ချက်ပြုတ်ထားတာကို စားချင်ရင် မီးသွေးနဲ့ ထင်းနဲ့ မီးမွှေးပြီး ချက်ပေရော့ပဲ။

ချူချန်ရွှင် အားနေတဲ့ မီးဖိုတစ်ခု ရှာ၊ ခပ်သွက်သွက် ကျင်လည်စွာပဲ ရေနွေးအိုးတည်လိုက်တယ်။ ပဲခြောက်အတုံးကို ဖဲ့ပြီး ရေနွေးအိုးထဲ ပစ်ထည့်လိုက်တယ်။ ဒီညိုဝါဝါ ပဲခြောက်တုံးက ပဲနို့လုပ်ရင်းကျန်တဲ့ အနယ်အဖတ် ပဲအနှစ်ရည်တွေနဲ့ လုပ်ထားတာ။ မာခေါက်ပြီး ခြောက်နေတော့ ရေမစိမ်ရင် မျိုမကျနိုင်ဘူး။ ဘာ အာဟာရမှလည်း မရှိနေဘူး။ တစ်ချိန်တုန်းက ဝက်ကျွေးရင်တောင် ဝက်မစားတဲ့ အရာက အခုတော့ လူအများစုအတွက် အခြေခံအစားအစာလို ဖြစ်လာခဲ့ပြီ။

ချူချန်ရွှင် အိုးထဲက ပဲပြုတ်ရည် ညိုညိုတွေကို မွှေနေလိုက်ရင်း သူမမှာ အမြုတေ ဘယ်နှလုံးလောက် ကျန်သေးသလဲ တွက်နေမိတော့တယ်။

အခုခေတ်မှာ လူသားတွေအတွက် ကုန်သွယ်ဖလှယ်ရာမှာ ဘုံသုံးကြတဲ့ အခကြေးငွေဟာ မှော်အမြုတေလို့ ခေါ်တဲ့ အစိမ်းရောင် ပုံဆောင်ခဲတွေပဲ။ ဒါတွေကို မကောင်းဆိုးဝါးတွေကို သတ်ရင်း မကောင်းဆိုးဝါးတွေရဲ့ ခန္ဓာရုပ်ကြွင်းတွေထဲကနေ ထုတ်ယူနိုင်တယ်။ သဘာဝလွန်အစွမ်းရှိတဲ့ စွမ်းအားရှင်တွေတိုင်းက သူတို့ အစွမ်းတွေကို အဆင့်မြှင့်တင်ရာမှာလည်း ဒီအမြုတေတွေကိုပဲ သုံးရတာ။ အဲဒါကြောင့် မှော်အမြုတေတွေဆိုတာ ပစ္စည်းတွေ ဖလှယ်ရာမှာ သုံးတဲ့ ငွေကြေး ယူနစ်တစ်ခုလိုဖြစ်လာခဲ့လေတယ်။

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now