အပိုင်း(၁၃)

590 136 2
                                    

Burmese translation of Let The Villain Go

Translator - ဂွေ့

အပိုင်း(၁၃)
_____________________________

တတိယလမ်းထဲမှာနေတဲ့သူခိုးကောင်လေး လန့်ပြီး ကြက်သီးတွေထသွားမိတယ်။

သူမြင်လိုက်တာက အိပ်ယာပေါ်ကနေ ထလာတဲ့ လက်မှာဒဏ်ရာတွေနဲ့ ခပ်ငယ်ငယ်အမျိုးသားတစ်ယောက်လေ။

"သောက်ကျိုးနည်း အကျိုးဟ! လန့်လိုက်တာ"
ဆယ်နှစ်တောင်မပြည့်သေးတဲ့ သူခိုးဆိုပေမယ့် မိသွားမှာကိုတော့ သူမကြောက်ဘူး။

အခန်းထဲမှာရှိတဲ့သူက သူ့ကို ဒဏ်ရာရအောင်မလုပ်နိုင်ဘူးဆိုတာ သူခိုးကောင်လေးကသိတယ်။ အဲ့ဒါကြောင့် ယဲ့ဖေ့ထျန်းကို ပြတင်းပေါက်ဖက်လှမ်းကြည့်လို့ အပြစ်တောင်တင်လိုက်သေးတယ်။
"ဘာကြည့်တာလဲ? ဒီက လောင်ကျိုးက မင်းကိုကြောက်မယ်ထင်နေလား? အသုံးမကျတဲ့ကောင်! မြန်မြန်ပြောစမ်းကွာ။ ပစ္စည်းတွေဘယ်မှာထားခဲ့လဲ?ခုနကအပြင်ထွက်သွားတဲ့မိန်းမက အဖိုးတန်တဲ့ဟာတွေကိုဘယ်ထားသွားလဲ?!"
သူ အခန်းကိုအချိန်အတော်ကြာအောင်လှန်လှောရှာတာတောင် ဘာမှမတွေ့ဘူး။

"ဘာမှလည်းမရှိဘူး! အကျိုးတစ်ကောင်တည်းကိုပဲထားသွားတယ်"

သူဘာမှခိုးမရတော့ နံရံအမြင့်ပေါ်ကို စိတ်ပျက်လက်ပျက်နဲ့တက်သွားလေရဲ့။

သူ့ရဲ့လည်ပင်းကိုအနောက်ကနေချိန်ထားတဲ့ ချွန်မြနေတဲ့ သဲဝါအစုအဝေးကြီးကိုတော့ သူမမြင်ရှာဘူး။

"အာ ဒါနဲ့မင်းက ဟိုမိန်းမနဲ့လိုက်လာတဲ့တစ်ယောက်လား?"
ကောင်လေးက ယဲ့ဖေ့ထျန်းကိုလက်ညှိုးထိုးရင်းပြောတယ်။

"မင်းလက်က သုံးစားလို့မရတာတောင် ဟိုမိန်းမက မင်းကို ကူညီနေတာ မင်းရုပ်ကချောနေလို့များလား?"

ယဲ့ဖေ့ထျန်းမျက်လုံးထဲက သတ်လိုဖြတ်လိုတဲ့အရိပ်အယောင်တွေချက်ချင်းကိုပျောက်ကွယ်သွားတော့တာပဲ။

ကောင်လေးရဲ့ခြေထောက်အောက်ကို သဲဝါတွေပြုတ်ကျသွားတယ်။

အဲ့ဒီသူခိုးလေးက သေမင်းဆီကိုလျှောက်လာတယ်ဆိုတာကို သူ မသိဘူး။ ဒီအတိုင်းစကားတွေဆက်ပြောနေတာ။
"ငါကတော့ မင်းကို ချောတယ်မထင်ဘူးကွ! နည်းနည်းလေးကြည့်ကောင်းရုံပဲ။ ကြည့်ရတာ မိန်းမတွေက ကြည့်ကောင်းတဲ့မျက်နှာသေးသေးလေးတွေကို ကြိုက်ကြတာနေမယ်"
သူက သူ့ရဲ့ဖြူဖျော့ဖျော့မျက်နှာကို ပွတ်လိုက်တယ်။
"ငါ့ကိုလည်း ကြီးလာရင် အဲ့လိုရှာကျွေးမယ့်မန်းမမျိုး ရှိပါ့မလားတောင်မသိပါဘူးကွာ"

နွေးထွေးမှု သဲ့သဲ့Where stories live. Discover now