Part 1

1K 45 6
                                    

ကျောင်းတက်ရမည့် ပထမဆုံးနေ့မို့ Win အတွက်ရင်ခုန်စိတ်လှုပ်ရှားရသည့်နေ့ပင်။အကြောင်းမှာ Win တို့မိသားစု ဒီမြို့ကိုပြောင်းလာသည်မှာတစ်ပတ်ခန့်သာရှိနေသည်။ဖခင်က ရဲအရာရှိမို့တာဝန်အရ ပြောင်းလာကြပြီး  နယ်ဘက်ကျတာမို့  မိသားစုလိုက်ရွှေ့လာရခြင်းဖြစ်သည်။ပထမဆုံးတက်ရသည်မို့Win အားလုံးနဲ့သိအောင်ကြိုးစားရပေအုံးမည်။Win ကသူများတွေထက် ကျောင်းနောက်ကျပြောင်းခဲ့ရသည်လေ။

လွယ်အိတ်အစိမ်းလေးကို  ပုခုံးတစ်ဖက်ပေါ်တင်လွယ်ကာ ကြိုးကိုလက်တစ်ဖက်နဲ့ကျစ်နေအောင်ဆုတ်ကိုင်လိုက်သည်။မျက်မှန်အဝိုင်းအထူကြီးကို ပင့်တင်လိုက်ရင်း ကျောင်းဝန်းထဲ ယုံကြည်ချက်ရှိရှိ  ခြေလှမ်းလိုက်စဥ်

"ဘုတ် "

" အာ့ ! "

ခပ်ပြင်းပြင်း အရာတစ်ခု ဦးခေါင်းဘေးနားထင်ကို  အရှိန်ပြင်းပြင်းတိုက်ချလိုက်တာမို့  Win ဟန်ချက်ပျက်စွာ လက်ထောက်လဲကျသွားသည်။အမြန်  ပြုတ်ကျသွားတဲ့မျက်မှန်ကို လိုက်ရှာပြီးပြန်တပ်လိုက်သည်။

" ဟေ့ ..."

Win လဲကျနေရင်း  အသံလားရာမျက်လုံးအားယူဖွင့်ကာကြည့်မိတော့  သူနဲ့ရွယ်တူသူတစ်ယောက်လက်ကိုခါးကိုထောက်ကာသူ့အား စူးစူးရဲရဲကြည့်နေသည်။Win လဲခေါင်းကမူးနေသေးတာမို့  ထောက်ထားတဲ့လက်ကိုအမြန်ရုတ်ကာ  မတ်တပ်ထရပ်လိုက်သည်။

" တောင်းပန်ပါတယ် "

ခါးလေးကို ညွှတ်လိုက်ရင်း လွယ်အိတ်ကို ကိုင်ကာထိုနေရာကနေခပ်သုတ်သုတ်လှည့်ပြန်မည်အလုပ်

" ဟေ့ အက်လိုထွက်သွားလို့ရကြေးလား ဟမ် ..."

နောက်က အော်သံကြောင့် Win တုန်ယင်သွားသည်။ပထမဆုံးနေ့မို့ Win ဘာမှမဖြစ်ချင်ပါWin တစ်ညလုံးစိတ်လှုပ်ရှားခဲ့ရတာဒီလိုမျိုးနဲ့မဆုံချင်။နောက်လှည့်လိုက်ရင်း  ခြောက်နေတဲ့ပါးစပ်ကိုလျှာလေးနဲ့ထိုးလိုက်ကာ  ပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ထိုနေရာမှအတိုင်းသားရပ်နေမိသည်။ဘာဆက်လုပ်ရမလဲWin မသိ။

" မင်းနောက်က အက်ဒီ့ဘော်လုံးငါ့ကိုကောက်ပေးစမ်း "

"ဟုတ် ဟုတ် "

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Where stories live. Discover now