Part 8

308 27 8
                                    

Win ဆုတ်ကိုင်ထားတဲ့ Bright နောက်ကျောက အင်္ကျီကို ဖြည့်လျော့လိုက်ရင်း ခန္ဓာကိုယ်ကိုထိန်းကာမတ်မတ် ရပ်လိုက်သည်။

" ကျေးဇူးပါနော် Bright "

" ရပါတယ် လာ အိမ်ထဲဝင်ကြမယ် ငါထိန်းကူးရအုံးမလား "

" ရပါတယ်ကွ ဒီလေါက်ကတော့ "

" ဟင်း ဟင်း "

Bright ရယ်လိုက်ရင်း ကားပေါ်မှပါလာတဲ့အထုပ်တွေကို အိမ်ထဲ သယ်လာလိုက်သည်။တစ်ပတ်လောက်ပဲဆိုတော့ သိပ်တော့မများ။

Win ကရှေ့ကနေဦးဆောင်ကာ အိမ်ပေါ်ထပ်လှေကားကနေတစ်ဆင့်ချင်းတက်သွားသည်။ပြီး Win က စကားဆိုသည်။

" မင်း ဒီနေ့ ဆေးခန်းမသွားဘူးလား "

" အင်း ငါ 7ရက်ခွင့်ယူထားတယ် "

"ဟာ ...သွားပါငါက ဖြစ်ပါတယ် Bright ရဲ့ "

" ရပါတယ် ငါမင်းနဲ့အတူ အချိန်တွေပိုကုန်ဆုံးချင်လို့ပါ "

"  ....  "

Win ဘာပြန်ပြောရမည်မှန်းမသိတာကြောင့် ခက်သွက်သွက်လျှောက်ရင်း

" ဒါကမင်းနေရမဲ့အခန်း ငါ့အခန်းနဲ့မျက်နှာချင်းဆိုင်"

"Ok !  "

Bright အခန်းထဲ ဝင်ပြီးအိတ်ကိုမွေ့ယာပေါ်တင်ထားလိုက်သည်။ခုတင်ပေါ်ထိုင်ချလိုက်ရင်း Win အားခေါင်းအစခြေအဆုံးကြည့်လိုက်သည်။

" Win ...မင်း ...​ရေမချိုးရသေးဘူးလား မနေ့ကလဲဒီအဝတ်စားနဲ့ပဲမို့လား "

" ငါ... ဟီး "

" Win ရယ် မင်းကတော့ "

မနေ့က Win တစ်ယောက်ရေချိုးဖို့ ပြင်ဆင်နေတုန်း တီရှပ် ကအခက်တွေ့နေပြန်သည်။လက်က ကျောက်ပတ်တီးစည်းထားတာကြောင့် ချွတ်ဖို့အတင်မပြေတာနဲ့  Win ရေမချိုးဖြစ်။

" လာ ငါချိုး​ပေးမယ် "

" ဟမ် !"

" လာ အင်္ကျီချွတ်ပေးမယ် "

Bright ကအတည်ပေါက်ကြီး လက်ကိုရွယ်ကာရှေ့တိုးလာတာကြောင့်

" ဟေး ... Bright ငါ့ကိုအင်္ကျီပဲချွတ်ပေး ငါ ...ငါ့ဘာသာပဲချိုးမယ် "

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Where stories live. Discover now