Part 13

331 26 16
                                    

ထိုနေ့ညက တစ်ယောက်မှ စကားမပြောဖြစ်ကြသလို လူတိုင်းတိတ်ဆိတ်လျှက် အိပ်ရာဝင်ခဲ့ကြသည်။

Win လဲအခန်းပြန်ရောက်တော့ Bright မတွေ့တာမို့ အိပ်မည်အလုပ် ရေချိုးခန်ထဲကထွက်လာသော Bright !

" မင်း လက်ကို ပတ်တီးပြောင်းရအုံးမယ် "

" အင်း "

ခါတိုင်းလဲ Bright ပဲစည်းပေးနေကြမို့ Win ငုတ်တုပ်ထိုင်ပြီး ထိုင်စောင့်နေလိုက်သည်။

စိတ်ရှည်လက်ရှည် ပတ်တီးကိုတစ်လွှာချင်းဖြေနေပုံကို Win စိုက်ကြည့်နေမိသည်။

! သူတစ်ကယ်ပဲပြောစရာမရှိတော့ဘူးလား ငါတကယ်ပဲနောက်တစ်ခါ ထပ်ပြီးထွက်သွားရတော့မှာလား !

Win နောက်ဆုံးအကြိမ် စိတ်ကိုအားတင်းကာ  မေးမည်ဆိုပြီး

" ဟို Bright .."

" ရပြီ ... အိပ်ချင်အိပ်တော့ "

သူ့ကိုပင် မျက်လုံးချင်းမဆိုင်ဘဲ အိပ်ယာတစ်ဖက်တွင် ဝင်လဲသွားသော Bright ! Win လဲ သူနဲ့ဆန့်ကျင်ဘက်ကို ကျောခိုင်းပြီး လဲလျောင်းလိုက်သည်။

ဘယ်သူမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖြစ်ခဲ့ကြအတွေးပေါင်းစုံကစိုးမိုးနေသည်။

Next Day >>>

" ငါတို့ ဒီနေ့ဘယ်သွားကြမလဲ "

"ကမ်းခြေသွားကြမလား "

" အေး ...ငါတို့ အချစ်ဆုံရာ ကမ်းခြေသွားကြ
မယ် 2 မိုင်ပဲဆိုတော့အရမ်းကြီးမဝေးပါဘူး"

Man နဲ့ Mike ကတော့တခြားသူတွေက်ုဂရုမစိုက်သူတို့အချင်းချင်းပြောချင်ရာသာပြောနေကြသည်။

" ဟေး ငေးမိုင်မနေကြနဲ့ Let Go ! "

" ငါမလိုက်ချင်ဘူး "

" Winnn ! Ok ရဲ့လား "

Win တစ်ယောက် ထိုင်ခုံပေါ်ကနေ နေရာမရွေ့။တခြားသူတွေအပြင်ထွက်ရင်ပြင်ဆင်နေကြပေမယ့် Win မလိုက်ချင်။

" ဟုတ် အဆင်ပြေပါတယ်  P'Mess လိုက်ချင်လိုက်သွားပါ Win ကလိုက်လဲရေမှကူးမရတာ "

" ဒါပေမယ့် Win ရယ် ဟိုရောက်တော့Win လဲအပန်းပြေတာပေါ့ "

" အေးလေ ဒါက ငါတို့ 10 နှစ်ကျော်မှအတူတူထွက်ရတဲ့ခရီးကိုကွာ လိုက်ခဲ့ "

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Where stories live. Discover now