Part 6

316 29 15
                                    

တစ်ရွေ့ရွေ့ မောင်းနှင်နေတဲ့ကားရဲ့ပြတင်းပေါက်ရှေ့မျက်နှာလေးကိုအပ်လိုက်ကာ ပြိုကျတော့မည့်မျက်ရည်တွေကို မျက်လုံးမှိတ်လိုက်ရင်းထိန်းထားလိုက်သည်။

အလင်းရောင်ကျရောက်နေတဲ့ မျက်နှာပေါ် ကျရောက်ကာ တိုးဝှေ့ကျီစယ်လာသည့် လေအေးအေး တွေကို ခံစားရင်း သူနဲ့တဖြည်းဖြည်းဝေးကွာပြီ ဆိုတဲ့အသိနှင့် မျက်ရည်တစ်စက်တော့ မှိတ်ထားသည့်ကြားကစီးကျမိပြန်သည်။

"  ဆက်ဆက် စောင့်နေပေးပါ Bright ! "

ဒီနေ့ သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပွဲ Bright မသွားဖြစ်ခဲ့။ ဒဏ္ဍါရီ စာအုပ်လေး စက်ဘီးခြင်းထဲထည့်ကာ အိမ်ကိုသာတန်းပြန်လာခဲ့သည်။

" သတ္တိမရှိခဲ့တဲ့ ငါ့ကို ခွင့်မလွှတ်ပါနဲ့တော့ "

Win သတင်းမကြားရတာ ထွက်သွားတဲ့နေ့ကတည်းကဖြစ်သည်။ ကျောင်းအောင်စာရင်းထွက်တဲ့နေ့တုန်းကတောင် လာမကြည့်ခဲ့ကြ။ခုဆို Bright နဲ့ Win မတွေ့ရတာ အနှစ်နှစ်အလလ ဖြစ်ပြီး ဆယ်တန်းကျောင်းသားတွေကနေလဲ ဘွဲ့ရတဲ့သူတွေတောင်ဖြစ်နေကြပြီဖြစ်သည်။

Bright ကတော့  ဆရာဝန်လိုင်းယူပြီး Win က အင်ဂျင်နီယာ ဖြစ်ခဲ့ကြပြီး Bright ကတော့ Kyae နဲ့မဖြစ်မနေ စေ့စပ်ခဲ့တာ 3 နှစ်လောက်ရှိပြီဖြစ်သည်။ Bright နဲ့ Kyae က Doctor တွေပဲဖြစ်ကြပြီး ကိုယ်ပိုင်ဆေးခန်းတစ်ခုဖွင့်ထားတာပဲဖြစ်သည်။ကိုယ်ပိုင်ဆေးခန်းဆိုပေမယ့်နှစ်ဖက်မိဘတွေက စုပြီးဖွင့်ပေးထားတာဖြစ်လို့ ဆေးရုံနီးနီးလောက်ကိုကျယ်ဝန်းပြီး နပ်စ် 10 ယောက်နဲ့ တခြား Doctor 3 ယောက်ကိုလဲခေါ်ထားနိုင်သည်။ နှစ်ယောက်ကနေစရင်းကနေ ခုဆို သူတို့ဆေးရုံလေးက  မီးဖွားတာကအစ ခွဲစိတ်တာဘာညာလောက်ထိကို စိတ်ချနိုင်နေပြီဖြစ်သည်။ Kyae ကတော့သူ့အဒေါ်အိမ် ရန်ကုန်မှာပဲ တည်းပြီး Bright ကတော့ သူငယ်ချင်းတွေနဲ့အဆောင်မှာနေသည်။

10 Years Later ,

>>>>>> <<<<<<

" Doctor ! Doctor ..."

ဆေးခန်းလူနာ ကုတင်ဘီးလှိမ့်ပြီးတွန်းဝင်လာတဲ့လူတစ်စုရဲ့ခေါ်သံကြောင့်  Bright  ထမင်းစားနေရင်း Kyae ကိုမျက်ရိပ်ပြကာ သူပဲထ မည်ဆိုပြီး  ထမင်းစားခန်းအပြင် ထွက်လာလိုက်သည်။

&quot; မေပယ်ပင်လေး သက်သေတည် &quot; [ Completed ]Where stories live. Discover now