Part 15 Final 🍁

533 25 5
                                    

" အချစ် "  Win ကိုသိလာခဲ့တဲ့ နှစ် 10 နှစ်ကျော်မှာ ပေးဆပ်ခြင်းတွေနဲ့ပဲ ချစ်ပေးနိုင်ခဲ့တယ် ။

! ဘာပဲဖြစ်ဖြစ် ကိုယ်နောက်ဆုံးအချိန်ထိ မင်းတစ်ယောက်တည်းအပေါ်ကိုပဲ ချစ်သွားမယ် !

" Win ထွက်မသွားနိုင်ဘူး P'Mess ...ဟင့် Win သန်မာနိုင်ပြီထင်ခဲ့တာ "

သူ့ကိုဖက်ပြီး ငိုကာ နှုတ်ကနေ တစ်ဖွဖွပြောနေတဲ့ Win ရဲ့ကျောပြင်ကို ပွတ်သပ်ပေးလိုက်မိသည်။ရင်ထဲမှာတော့ ဗလာဖြစ်နေခဲ့သည်။ဘယ်တတ်နိုင်မလဲ သူ့ရဲ့အချစ်တွေက Bright တစ်ယောက်တည်းအပေါ်မှာပဲရှိနေခဲ့တယ်ဆိုတာ Mess လွန်ခဲ့တဲ့ 10 နှစ်တည်းကသိနေခဲ့ပြီးသားမဟုတ်လား။ အဖြေဟာမပြောင်းလဲနိုင်ဘူးဆိုတာသိနေလျှက်နဲ့ပင် Mess သူ့အနားမှာ ကပ်တွယ်နေခဲ့တာမဟုတ်လား အင်း ဒါကလဲပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။

ကစားပွဲက မပြိုင်လိုက်ရသေးခင်မှာပဲ Mess ကအနီကတ်ပြပြီး ဘေးထွက်ပေးလိုက်ရသလိုပါပဲ။သို့ပေမယ့်လည်း Mess အဝေးထွက်မသွားဘဲ ဒီကစားပွဲမှာ ပျော်ရွှင်နေတဲ့လူနှစ်ယောက်ကို ကြိုးဝိုင်းအပြင်ကနေ ရပ်ကြည့်နေချင်သေးသည်။

" Win ကသန်မာပါတယ် ...အချစ်အတွက် တိုက်ပွဲဝင်မလား "

" ဟင့် ... Win သူ့ဘေးနားမှာ မဟုတ်ဘဲ သူ့ပုံရိပ်လေးတွေပဲကြည့်နေနိုင်တဲ့ နေရာလေးမှာရပ်ကြည့်နေချင်တယ် P'Mess "

" သဘော ...တိတ် တိတ် !!! "

" ဟီးးး ဟင့် "

" ဟောဗျာ ...မငိုပါနဲ့ဆိုတာကို "

" Win တောင်းပန်ပါတယ် !!! "

" ရပါတယ်ဗျာ ...P'Mess လဲအင်္ဂလန်ကကုမ္ပဏီမှာလက်စသတ်စရာလေးတွေရှိနေသေးတယ် ဒါပေမယ့် ဒီတစ်ခေါက်တော့ အကိုပြန်လာဖို့မဖြစ်နိုင်တော့ဘူး ပြန်လာခဲ့ရင်တောင်အလည်လောက်ဘဲ "

"ဟင့် ...Win တောင်းပန်ပါတယ် P'Mess "

Win ရဲ့ပုံခုံးလေးကနေကိုင်ကာ ခန္ဓာကိုယ်ကို ခွါလိုက်ရင်း မျက်ရည်စတွေကိုသုတ်ပေးလိုက်သည်။ဒီကောင်လေး ဘယ်လောက်တောင် နေ့ညမပျက်ငိုထားသလဲ မျက်လုံးတွေဖောင်းမို့နေပြီး နီရဲတက်နေသည်။ ဖြစ်နိုင်ရင် Mess ဒီကောင်လေးရဲ့မျက်ရည်တွေကို ကိုယ်စားသာ ခံယူပြစ်လိုက်ချင်သည်။

You've reached the end of published parts.

⏰ Last updated: Jun 03, 2022 ⏰

Add this story to your Library to get notified about new parts!

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Where stories live. Discover now