Part 2

355 36 4
                                    

မေပယ်ရွက်စိုနီနီတွေက လေတိုက်တိုင်း ဟိုဘက်သည်ဘက်ယိမ်းကာ လှုပ်ခတ်နေသည်။နှစ်ယောက်အတူ သစ်ပင် ပင်စည်တွေကြား လဲလျောင်းနေရင်း  မျက်နှာပေါ်ကတိုက်ခတ်သွားတဲ့လေအေးတွေက အေးပြီးလတ်ဆတ်နေသည်။မြက်ခင်းစိမ်းစိမ်းတွေ  နဲ့မေပယ်ပင်တောအုပ်ကြီးကြား  Win တစ်ဝကြီးရှုရှိုက်ကာ

" ငါဒီနေရာကိုသဘောကျတယ် "

" ဒါဆိုနောက်လဲ ကျောင်းပြေးကြမယ် "

"ဟေး  ...ဟုတ်သား ဒါဆိုငါတို့သင်ခန်းစာတွေနောက်ကျကုန်ပြီပေါ့ "

Win ရုတ်တရက် အော်လိုက်ကာ လူကလဲ ဆတ်ခနဲ ထထိုင်လိုက်ကာ မျက်မှန်အထူကြီးကို
ပင့်တင်လိုက်ပြန်သည်။Bright ကတော့ လက်တစ်ဖက်ကို ခေါင်းကိုထောက်ကာဘေးတစောင်းအနေအထားဖြင့် Win ကိုမော့ကြည့်ကာ

" Win ! မင်းမျက်မှန်အထူကြီးကိုဖြုတ်လိုက်ပါလား "

"ဘာလို့လဲ  ဒါကကောင်းပါတယ် "

" သူများတွေပြောနေကြတာ အက်မျက်မှန်ကြီးကို "

"ဘာလဲ မင်းကငါနဲ့မပေါင်းချင်တော့လို့လား "

"ဟာ! Win ! မဟုတ်ပါဘူးကွာ ကဲ သဘောပဲ ..."

" ..."

Bright ပြောလိုက်တော့ ဘာအပြင်အဆင်မှလိမ်းခြယ်ထားခြင်းမရှိတဲ့ ပန်းဆီရောင်လိုထင်းနေတဲ့နှုတ်ခမ်းတစ်စုံကိုစူကာ ထိုမျက်မှန်အဝိုင်းကြီးအောက်က မျက်ဝန်းနက်နက်တွေနဲ့မျက်စောင်းလှလှလေးထိုးသွားသည်ကိုBright မြင်သည်။ဒီကောင်လေးကသူ့ရဲ့အလှတရားတွေကိုတမင်ပဲဖုံးကွယ်ထားလေသလားဆိုတာ Bright မသိတော့။

တစ်နေ့တာက Win တို့ဒီအပင်ကြီးအောက်အိပ်စက်အနားယူရင်းသာကုန်ဆုံးသွားကြသည်။Win အိမ်မပြန်ချင် တစ်ခြားသူတွေအတွက်အိမ်ဆိုတာဘယ်လိုမျိုးလဲနွေးထွေးစေနိုင်တဲ့အရာတဲ့Win အတွက်တော့အမြဲပူလောင်နေရစမြဲပင်။အိမ်ထဲခြေလှမ်းစလှမ်းလိုက်သည်နှင့် ထုံးစံအတိုင်း

" ရှင်ဖောက်ပြန်နေတာမလား ကိုမင်းနိုင် "

" ဒီမှါ  ဒေစီ ငါကအက်လိုလူတန်းစားမဟုတ်ဘူးမင်းထင်ရာတွေစွပ်စွဲမနေနဲ့ "

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Waar verhalen tot leven komen. Ontdek het nu