Part 10

323 38 26
                                    

တလက်လက်တမှိတ်မှိတ်တောက်ပနေတဲ့ကြယ်လေးတွေ တိုက်ခတ်နေတဲ့လေအေးအေးတွေကြောင့် လှုပ်ခတ်နေတဲ့  မေပယ် ရွက်တွေ ကြားကနေ ဖြာကျလာတဲ့ လ အလင်းရောင် ...အောက်မှာ လူနှစ်ဦးက အရာအားလုံးကိုမေ့လျော့စွာ အနမ်းချင်း ဖလှယ်နေခဲ့ကြသည်။

Next Day >>>>>

Bright နိုးလာတော့ သူ့ရဲ့ပေါင်ပေါ်မှာအိပ်ပျော်နေတဲ့ Win ...ညတုန်းကအကြောင်းတွေ တရေးရေးပြန်ပေါ်လာတော့ Bright မျက်လုံးအစုံ ပြူး ကုန်သည်။

! ညက ငါ တို့တွေနမ်းခဲ့ကြတယ်ပြီး ...ပြီးတော့အိပ်ပျော်သွားကြတယ် !

" ဟေး မင်းတို့နှစ်ယောက်ကဒီအပင်အောက်ပဲ ထပ်ရောက်နေပြန်ပြီ ငါတို့မှာပြန်ပေးဆွဲတွေဆီမှာများ ပါသွားပြီလားလို့ "

" အာ့  မူးလိုက်တာ "

Bright တွေးလို့ မဆုံးခင်မှာပဲ Star ,Man ,Mike တို့ရောက်လာပြီး Mike ရဲ့အသံဆိုးကြီးကြောင့် အိပ်ပျော်နေတဲ့ Win ပါနိုးလာသည်။

"  ညက ငါတို့အကုန်မူးနေကြတာ မင်းတို့နှစ်ယောက်ကဘယ်လိုလုပ်ဒီရေါက်နေတာလဲ "

" ဘယ်လိုလုပ်သိမှာလဲ ငါတို့လဲမူးနေတာကို "

" မဟုတ်သေးပါဘူးကွာ ကျစ် မူးနေလဲ ငါတို့လဲ"

" ဟေး တော်ပြီး သူတို့နှစ်ယောက်ကိုတွေ့ပြီးဆိုတော့ အခန်းပြန်ကြမယ် "

" အေး အေး "

" မဟုတ်သေးပါဘူးကွာ ငါလဲသိချင် ..."

" ဟာကွာ လာကြပါဆို "

အရိပ်အကဲကိုလုံးဝ မသိတဲ့ Man နဲ့ Mike ကိုအတင်းဆွဲခေါ်လာရသည်။တကယ် တုံးတဲ့ဟာတွေ တကယ်က တုံးတာမဟုတ်ဘဲ ဖွန်ကြောင်နေရတာနဲ့ နှစ် 20 ကျော်အတူနေလာတဲ့ သူငယ်ချင်းရဲ့စိတ်ကိုမဖတ်တတ်ကြတာ။

" အာ ...ဟို ..."

လှုပ်ခတ်နေတဲ့ Bright ရဲ့နှုတ်ခမ်းသားတွေက တုန်ယင်နေသည်။Win ကြည့်နေမိတဲ့မျက်လုံးတွေကို ရှောင်လွှဲကာ ကျောခိုင်းပြီးမတ်တပ်ရပ်လိုက်သည်။

" ပြန်ကြမယ်လေ "

" ခ  ... ခန "

နောက်ကနေ လက်ကိုလှမ်းဆွဲလိုက်တာမို့ Win ရုတ်ချည်းဆိုသလို လက်ကိုပြန်ရုတ်လိုက်သည်။

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Where stories live. Discover now