Part 7

306 31 7
                                    

နှစ်ယောက်သားရဲ့ စကားတွေကအဆက်ပြတ်သွားပြီး ပြောစရာတွေပြည့်နှက်နေပေမယ့် ရှေ့ဆက်ဖို့စကား  စ တွေရှာမရခဲ့။

" ပြန်တွေ့ဖြစ်ကြရင် ဘာဖြစ်လဲ Win ! "

ချိုသာတဲ့ အသံလေးနဲ့အတူ  ရယ်မောကာ အခန်ထဲဝင်လာတဲ့ ဆရာဝန် ဂျူတီကုဒ်နဲ့ Kyae !

" Kyae !  "

"ဟင်း  ...Kyae ဝင်လာလို့စကားစတွေပြတ်ကုန်ကြပြီလားဟင် "

ပြောလိုက်ရင်း Kyae လက်မောင်းဆစ်လေးကနဲ့Bright ကိုတို့ထိလိုက်သည်။

"  မဖြစ်ပါဘူး Kyae "

" Bright ကပြောတယ် Win ဆိုလို့ Kyae ကလာကြည့်တာ "

"Kyae ကလဲ ဒီဆေးခန်း ..."

" အင်းလေ Bright နဲ့အတူဖွင့်ထားတာ "

" သြော် ..."

Win တိတ်ဆိတ်သွားရင်း ဘာဆက်ပြောရမှန်းမသိ။

" ဒါနဲ့ Win သိပြီးပြီလားမသိဘူး "

Kyae စကားစလိုက်တော့ Bright က ထိတ်လန့်သွားတဲ့မျက်လုံးတွေနဲ့ Kyae ကိုလှည့်ကြည့်လိုက်တာ Win မြင်သည်။

" ဘာအကြောင်းလဲ ဟင် Kyae "

" Kyae နဲ့ Bright နဲ့ စေ့စပ်ထားကြတာ "

"ဟင် .."

"ဟုတ်တယ် ဆယ်တန်းပြီးတည်းကလေ Win ထွက်သွားမဲ့နေ့မတိုင်ခင် ရက်သတ်မှတ်လိုက်ကြတာ "

"Kyae ..."

Bright ကဝင်ဟန့်လိုက်ပေမယ့်

"ဘာလို့လဲ Bright ရဲ့ "

"Kyae ကသူမသိသေးမှာစိုးလို့ပါ  ဘာကိုစိုးရိမ်နေတာလဲ Bright "

ရှည်လျားတဲ့အနက်ရောင် ဆံနွယ်အလိမ်တွေကိုလက်နဲ့ဖီးသပ်ကာ ပြောနေတဲ့ Kyae ကိုကြည့်ပြီး Kyae တမင်ရည်ရွယ်ပြောနေတာလားလို့ပင် Bright ထင်မိသည်။

" မဟုတ်ပါဘူး ကိုယ်က Win ကလဲမသက်သာသေးတော့ ..."

" ရပါတယ်  ငါ ခနနားချင်လို့ "

" သြော် အင်း  နားလေ ငါတို့ထွက်သွားပေးမယ် "

" ကျေးဇူးပါ "

Win နောက်ကိုမှီလှဲချလိုက်ရင်း မျက်လုံးကိုမှိတ်ထားလိုက်သည်။တံခါးပိတ်သံကြားလိုက်တော့မှ နှုတ်ခမ်းတွေကို ကြိတ်မှိတ်ကိုက်ခဲကာ ငိုချပြစ်လိုက်သည်။

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Tahanan ng mga kuwento. Tumuklas ngayon