Part 4

332 30 8
                                    

ဒီနေ့ Bright  တစ်ယောက် Win ကိုခေါ်ရန်အရင်တိုင်းစက်ဘီးလေးနင်းလာသည်။

" ကလင် ...ကလင် "

" လာပြီ...Bright ! "

အပြုံးလေးနဲ့အိမ်ထဲကနေပြေးထွက်လာတဲ့Win ကိုကြည့်ရင်းBright အံ့သြသွားသည်။စတွေ့တည်းက ပုံစံတစ်မျိုးတည်းကိုပဲမြင်ခဲ့ရတာမို့လို့လားမသိ Win ပုံစံက Bright မျက်လုံးထဲတစ်မျိုးဖြစ်နေသည်။

" အဟက် ! ဘာလဲငါ့ကိုမမှတ်မိတော့လို့လား "

Win ပြောပြောဆိုဆိုနဲ့ Bright စက်ဘီးနောက်တက်ထိုင်လိုက်သည်။တစ်ရွေ့ရွေ့စီးနင်းနေတဲ့စက်ဘီးလေးပေါ်စကားတွေပြန်ဖောင်ဖွဲ့ပြန်သည်။

" မဟုတ်ပါဘူး ...မင်းအများကြီးပြောင်းလဲသွားတယ် Win "

" အင်း !တစ်စုံတစ်ယောက်ကြောင့်ဆိုပါတော့ "

"ဝိုး ...ဘယ်သူများလဲ Win ! ငါကျောင်းမတက်တာ 3ရက်ပဲရှိသေးတယ်လေ မင်းမဟုတ်မှလွဲရော "

" အာ...မဟုတ်ပါဘူး Bright ရ ငါပြောတာကငါခိုးသဘောကျရတဲ့သူတစ်ယောက်ကြောင့်လို့ပြောတာ "

" အင်း ဘယ်သူများလဲငါသိတဲ့သူလား "

" အွန်း မင်းသိတဲ့သူ "

" ..... "

" အာ့ ! "

စက်ဘီးက ကျောက်စလစ်ခဲကိုနင်းမိတော့ နည်းနည်းယိုင်သွားတာကြောင့် Win လက်လေးကBright ခါးနားကအင်္ကျီစလေးကိုဆွဲမိသည်။

! မင်းသိမှသိပါ့မလား Bright ရယ် !

Win အခန်းထဲဝင်လိုက်သည်နဲ့ အားလုံးကတအံ့တသြ။

" Wow ! Win မှတ်တောင်မမှတ်မိဘူး မင်းအရမ်းချောတယ် "

" အေးလေ ဒီလိုပုံနဲ့မှမင်းကချောတာ ဘာမျက်မှန်အထူကြီးတပ်ထားလဲ နော့ "

သူတို့စကားတွေကို Win ပြုံးရုံသာပြုံးပြလိုက်ရင်းနေရာတွင်ဝင်ထိုင်လိုက်သည်။Bright ကိုခိုးကြည့်တော့ သူက Kyae နဲ့ဘာတွေပြောနေကြသည်မသိ။

" ကဲ မင်္ဂလာပါကလေးတို့ ..."

" မင်္ဂလာပါဆရာ "

>>>>>>   <<<<<<

"Win ငါတို့မေပယ်ပင်တွေဆီသွားကြမလား "

&quot; မေပယ်ပင်လေး သက်သေတည် &quot; [ Completed ]Where stories live. Discover now