Part 12

291 26 17
                                    

Bright အိမ်ကပြန်လာပြီးတည်းက Win အခန်းထဲ ဝင်ပြီးအိပ်ပြစ်လိုက်သည်။Bright ကတော့အခန်းထဲလိုက်မဝင်။

တကယ်တော့ Win အိပ်မပျော်ပေမယ့် သူနဲ့လဲမျက်နှာချင်းမဆိုင်ချင်တာကြောင့် ခေါင်းအုံးပေါ် မျက်နှာအပ်ကာအသံတိတ်ရှိုက်ငိုလိုက်၏။

! မင်းသိပ်ရက်စက်တယ် Bright ... မင်းသိပ်ရက်စက်တယ် မင်းရဲ့အတွေးထဲမှာငါမှရှိမနေခဲ့ဘဲ !

အံကိုကြိတ်ကာ အသံမထွက်စေဘဲ ငိုနေမိသည်။ဒါမင်းနဲ့ ပတ်သတ်ရင်နောက်ဆုံးငိုခြင်းပဲ။

Win အိပ်ယာက နိုးလာတော့ညနေ 6နာရီတောင်ရှိနေပြီဖြစ်သည်။ Bright ကိုတော့မမြင်မိသေး။ရေချိုးပြီး မှောင်ရီပျိုးစဖြစ်နေပြီမို့အပြင်ထွက်လမ်းလျှောက်မည် ဆိုတုန်း ခြံဝန်းထဲမောင်းဝင်လာသည့်ကားမီးရောင်ကြောင့် စူးခနဲဖြစ်သွားသည့် မျက်လုံးတွေကို အသာခနမှိတ်ချလိုက်သည်။

ကားရပ်ပြီး မီးရောင်ပိတ်သွားတော့မှ သေချာကြည့်တော့ P'Mess ရဲ့ကားဖြစ်နေသည်။သေချာကြည့်နေတုန်းကားပေါ်လာဆင်းလာသည့် Kyae နဲ့ P'Mess!

"P'Mess ဘယ်လိုကနေ ဘယ်လို "

" ကိုယ် Kyae နဲ့တွေ့ပြီး Kyae ခေါ်တာနဲ့လိုက်လာတယ် "

" အော် ..."

" ဒါနဲ့ Bright ရော Win "

Kyae မျက်လုံးထဲ တခြားသူကိုမြင်သည့်ပုံမပေါ် မျက်လုံးတွေက တစ်ခုခုကိုရှာနေသလိုဝေ့ဝိုက်
ကြည့်ရင်း ယောက်ယပ်ခတ်နေသည်။

" မသိဘူး Kyae Win အိပ်ပျော်နေတုန်းပျောက်သွားတာပဲ"

" သြော် အင်း ခြံထဲခနလိုက်ရှာအုံးမယ် "

" ဖြစ်ပါ့မလား Win လိုက်ခဲ့ "

" ရပါတယ် မလိုက်နဲ့တော့နော် "

" အင်းပါ လာလေ P'Mess "

Win လဲ P'Mess ကိုအိမ်ထဲခေါ်ရင်း

" P'Mess အလုပ်ကပြစ်ထားလို့ရောရလို့လား"

" အင်း ကိုယ်အားလုံးစီစဥ်ခဲ့ပါတယ် ဒါနဲ့ Win အဆင်ပြေလို့လား "

" P'Mess ...."

သံရှည်နဲ့အတူ Win ရဲ့ရှိုက်သံလေးတွေက မသိမသာခပ်တိုးတိုးလေးပါတာမို့ Mess Win အနားတိုးကပ်ထိုင်လိုက်ရင်း

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Onde histórias criam vida. Descubra agora