Part 9

301 28 18
                                    

လတ်ဆတ်တဲ့လေညှင်းတွေက မျက်နှာပေါ် တိုးဝှေ့ရိုက်ခတ်လာတော့ လွန်ခဲ့တဲ့ 10 နှစ်တုန်းကအတိုင်း Win တစ်ယောက် ကား အပြင်ဘက်ကိုခေါ်လေးထုတ်ကာ မစိမ်းတဲ့လေရနံ့တွေကိုအဝကြီးရှုရှိုက်ပြစ်လိုက်သည်။

! လွမ်းနေခဲ့တာ !

" အဟက် ! ဘယ်လိုလဲ Win "

ကားနောက်ခန်းက Star အမေးကြောင့် Win ခေါင်းက်ုကားထဲပြန်ဝင်လိုက်ရင်း နောက်ကိုလှည့်
ကြည့်လိုက်သည်။

" သြော် ...ငါမေးတာက ခုလို အရင်တုန်းကနေရာဟောင်းလေးကိုပြန်လာရတော့ ဘယ်လိုများခံစားရလဲလို့ပါ "

" အေးကွ ငါတို့ကတော့ ကျောင်းပြီးမှ ထွက်လာရတာဆိုတော့ မကြာသေးဘူးပြီးတော့တနှစ်တခါလဲပြန်ရောက်နေကြ"

Star စကားကို Win မဖြေခင် Man ကဝင်ပြောသည်။ Mike ကတော့ ကားပေါ်တက်တည်းကအိပ်တာတရေးမှမနိုး။

" အင်း ! ပျော်တာပေါ့ ပြီးတော့ ဒီနေရာမှာကငါ့ရဲ့အမှတ်တရတွေအများကြီးပဲ "

" အမှတ်တရ တွေထဲ ငါရောပါလား "

Bright ကကားမောင်းနေရင်း  Win ရှိရာ ဘေးဘက်ကိုလှည့်မေးလိုက်သည်။

" ... သူငယ်ချင်တွေအကုန်ပါတာပေါ့ ဟင်း
ဟင်း "

" ဒါပေါ့ ကွက်ပြီးသတိရလို့ကတော့ မင်း လက်တင်မက ခြေပါချိုးမှာ "

" ဟားးး ဟင်းးး  "

Win မရယ်ချင် ရယ်ချင်နဲ့ ရယ်နေလိုက်သည်။

" ရောက်ပြီ "

" ဟေး Bright မင်း ...ငါတို့ဒီမှါတည်းရမှာလား "

" အိုး မိုင် ဂေါ့ "

Man Mike နဲ့ Star တို့ကတော့ကားနောက်ခန်းကအခုတ်တွေကိုသယ်ပြီး မေပယ်ခြံကြီးကိုအံ့သြနေကြသည်။ Win ကတော့ ကားပေါ်ကပင်မဆင်းရသေး ​။

" Bright ! ငါတို့ ... ဒီမှါ တည်းရမှာလား "

" အင်းလေ ခုက ဆောင်းရာသီဝင်ခါစ ဆိုတော့ငါအမေတို့ကိုကြိုဖုန်းဆက်ပြီသား  ဒီခြံဝန်းထဲကအိမ်ကို သန့်ရှင်းရေးလုပ်ပေးထားဖို့ "

" အာ ... ငါက တအိမ်အိမ်မှာတည်းမယ်
ထင်တာ "

" ဒီမှါကျ ပိုလွတ်လပ်တာပေါ့ လာ ..."

" မေပယ်ပင်လေး သက်သေတည် " [ Completed ]Where stories live. Discover now