ကြော်ငြာ

3K 56 10
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

📢ကြော်ငြာ📢ကြော်ငြာ📢ကြော်ငြာ📢

"မြည်းကြည့်လို့ရလား"

ရွှေသွေးက ကြက်သားကြော်နေသော ဓါဓါနဘေးရပ်ကာ မေးသည်။

"ရတယ်၊ မြည်းလေ"

ခွင့်ပြုချက်ရသည်နှင့် ကြက်ခြောက်ကြော်တစ်တုံး ကောက်ဝါးပြီးနောက်

"အင်း… ကောင်းသားပဲ၊ ဒါပေမဲ့ ကိုယ့်ယောက္ခမကြီးလက်ရာကိုတော့ မမှီသေးဘူး"

ဓါဓါ မျက်စောင်းထိုးတော့ ကိုရွှေသွေးက ပါးပြင်လေးကို ဆွဲညစ်ကာ ရယ်နေသည်။ ဓါဓါကလည်း ဆံပင်စုတ်ဖွားကြီးနှင့် သူ့ဘဲကို နွဲ့နေသည်။ အရင်တုန်းက ပေတိပေစုတ်နဲ့ တစ်စက်မှ မနုနွဲ့တတ်သော ဂျမ်းတောမက သူ့ဘဲနဲ့ကျ နွဲ့ဆိုးဆိုးလို့။ သူများအတွဲတွေများ ချစ်သူတွေဆိုတော့ ဘယ်လိုအချိန်လေးမှာဖြစ်ဖြစ် ကြည်နူးစရာလေး။ သူမမှာသာ… ။

အမရာ စိတ်ဓာတ်ကျကာ ထူးချွန်ကို ကြည့်လိုက်တော့ ကြက်သားကြော်နဲ့တို့စားဖို့အတွက် အချဉ်ရည်ဖျော်ရန် ငရုတ်သီးနှင့်ကြက်သွန်ဖြူကို တဒုန်းဒုန်း ထောင်းနေသည်။ ညစ်ပတ်အိုးက မျက်နှာပေါ်ကချွေးတွေကို ပခုံးက အင်္ကျီစနဲ့ သုတ်လိုက်သေးသည်။ ဒါကြီးက အမရာခင်ခင် ယောကျာ်းတဲ့။ တစိမ့်စိမ့်ကြည့်လေ ချစ်ချင်စရာတစ်ကွက်မှ မရှိလေ။ မည်းတူးရတဲ့ကြားထဲ ညစ်ပတ်သေး။ ဒီကြားထဲ ခြံထဲက ပြန်လာရင်က နံ့စော်သေး။

🤭🤭🤭🤭🤭

"အမရာ… ဘာဖြစ်တာလဲ"
"ဟိုမှာ… အိမ်မြှောင်"
"အိမ်မြှောင်? "
"အင်း… ဟိုမှာ… ငါ့ကြောင့် တံခါးညှပ်ပြီး သေသွားပြီ၊ ယူပြီး အမိှုက်ပုံးထဲ ထည့်ပေး"

အိမ်မြှောင်သည် တံခါးကြားညှပ်မှာ ကိုယ်တစ်ပိုင်း ပြားချပ်ကာ ညှပ်၍သေနေရှာသည်။ သူ့ခမျာ မည်သို့မည်ပုံ အသက်ထွက်သွားမှန်းတောင် သိလိုက်ပုံမရ။

"အဲ့ဒီအိမ်မြှောင်ပစ်ခိုင်းဖို့ ငါ့ကို ဖုန်းဆက်ခေါ်တာပေါ့လေ"
"အေးလေ… "

အခုမှ ခြံထဲမှ ပြန်​ေရာက်လို့ နားမလို့ရှိသေး။ လူကို ရေပူရေချမ်းကမ်းလှမ်းဖို့ မပြောနဲ့ ခိုင်းစားဖို့တောင် ခေါ်လိုက်သေးသည်။ သူလိုအပ်တော့ ခိုင်းချင်တော့ သူငယ်ချင်းတဲ့။ တခြားအချိန်ဆို အကြည့်ချင်းတောင်မဆုံ ခေါင်းတခါခါနဲ့ Don't care ဒီဇိုင်းအပြည့်နဲ့လူက။

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now