အပိုင်း ( ၁၅ )

1.7K 57 2
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၁၅ )

အမရာ ပျင်းပျင်းနဲ့ ထိုင်ငေးနေခဲ့တာ အချိန်ဘယ်လောက်ကြာသွားမှန်း မသိ။ ကမ်းခြေလာပြီးမှ ပျင်းနေရတဲ့အဖြစ်။ ဓါဓါပါလာရင် ဘယ်လောက်ကောင်းမလဲ။ မိန်းကလေးချင်းမို့ အတွဲညီကာ အတူရေကူး၊ ကမ်းခြေမှာ လမ်းလျှောက်နဲ့ ပျော်ဖို့ကောင်းမှာ သေချာသည်။

အခုကျတော့ ထူးချွန်ကြီးနဲ့တဲ့။ သူမရဲ့အိမ်ဦးနတ်အတုမို့ သူငယ်ချင်းပါပဲလေ။ ဒါပေမဲ့ သူနဲ့ တတွဲတွဲကြီး လျှောက်မသွားချင်။

"အမရာ… ဘာမှာထားလဲ"
"ဘာမှာရမှာလဲ"
"နေ့လယ်စာလေ"
"ဟင်… ခုနကမှ စားထားတာကို"
"ဘာခုနကလဲ၊ နာရီလည်း ကြည့်ဦး၊ ဆယ့်နှစ်ထိုးတော့မှာ၊ ငါ ဗိုက်ဆာပြီ"

ဆာရင်လည်း ကိုယ့်ဘာသာ မှာစားပါလား။ လူကို သူ့အမေကြီးကျလို့ ဗိုက်ဆာကြောင်း လာပြောပြနေသည်။ စိတ်ကောက်ပြီး အခန်းထဲအောင်းနေတာ အဆုံးထိ ကောက်နေပါလား။

"ပင်လယ်ကိုရောက်တုန်း Seafood တွေ အဝစားသွားကြမယ်၊ ဂဏာန်းနဲ့ ပြည်ကြီးငါးစားရအောင်"
"ဘယ်ကမှာမှာလဲ၊ ဟိုတယ်ကလား"
"မဟုတ်ဘူး၊ အပြင်ကမှာမယ်၊ ငါ့မှာ ချက်ပို့ဖုန်းနံပတ်ရှိတယ်၊ နင် ဘာစားမလဲ"

အစားအသောက်အတွက် ဖုန်းနံပတ်ကို ဘယ်တုန်းကတည်းက စုံစမ်းထားတာလဲ။ အမရာ သူ့ကို ဆက်မကြည့်ချင်လို့ နေပူပူကမ်းခြေအား ဆက်ကြည့်လိုက်သည်။

"ရတယ်၊ နင် ကြိုက်တာ မှာ"
"ငါကြိုက်တာကြီးပဲ မှာလို့ ဘယ်ကောင်းမှာလဲ၊ နင်လည်း တစ်ဝက်စိုက်ရမှာဆိုတော့… "
"ဟင်… ဘာပြောတယ်"
"နှစ်ယောက်ပေါင်းပြီး မှာစားတော့ ကုန်ကျစရိတ်သက်သာတာပေါ့၊ မဟုတ်ဘူးလား"

ကြည့်စမ်း။ သူငယ်ချင်းဘဝတုန်းက ထိုသို့ပေါင်းရှင်းခဲ့ကြပေမဲ့ အခုက လင်မယားလေ။ တကယ့်လင်မယားအစစ် ဟုတ်ဟုတ်မဟုတ်ဟုတ်။ ယောကျာ်းဖြစ်ပြီး သူဘဲ ရှင်းသင့်တာပေါ့။

"ပုစွန်ကင် စားရအောင်၊ အနံ့မွှေးမွှေးလေးနဲ့… ပြီးတော့ ပြည်ကြီးငါးသုပ်နဲ့ ဂဏာန်းချက်၊ ကြက်ဥမွှေကြော်၊ ဒီလောက်ဆို ရပြီထင်တယ်၊ အာ… အရွက်ကြော် တစ်ပွဲ၊ ဟင်းရည်ရော မှာဦးမလား"

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now