အပိုင်း ( ၁၀ )

1.2K 50 2
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၁၀ )

ဘယ်နေရာက​ေန စတင်လွဲမှား၍ ဘာတွေဖြစ်ကုန်မှန်း မသိ။ ထူးချွန်နဲ့ ခိုးပြေးတယ်ဆိုပြီး အထင်လွဲနေကြသည်တဲ့။ ကမ္ဘာပျက်မယ်ဆိုရင်တောင် အမရာသည် သူမနှင့် ဘာမှမဆိုင်သာ ထူးချွန်နဲ့ လက်ထပ်ဖို့ကိုတော့ လုံးဝလက်မခံနိုင်ပါ။ ကိုသစ်နဲ့နီးစပ်အောင် လိုက်ပြေးမယ်ဆိုကာမှ အဝေးကြီးဝေးရတော့မယ့်အဖြစ်။ ထိုညမှာပင် ကိုသစ်သည် အချစ်ရဆုံးသူအဖြစ်မှ အမုန်းဆုံးသူအဖြစ်သို့ ပြောင်းလဲသွားခဲ့သလို ထူးချွန်နဲ့ စွပ်စွဲခံနေရလို့ တစ်ညလုံးအိပ်လို့တောင် မပျော်ခဲ့။

ကိုသစ်သည် ချိန်းထားသည့်နေရာသို့ နာရီဝက်ကျော်နောက်ကျပြီးမှ ရောက်လာခဲ့ပါသည်။ သူ ရောက်လာသည့်အချိန်မှာ အမရာနဲ့ထူးချွန်က လူကြီးတွေနဲ့အတူ အိမ်ကိုပြန်ခဲ့ရပြီး အမေနှစ်ယောက်အရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေရချိန်သို့ ရောက်နေပါပြီ။

"ဘယ်လိုဖြစ်ကြတာလဲ၊ နင်တို့နှစ်ယောက် ယူချင်တယ်ဆို ဘယ်သူက ကန့်ကွက်မှာမို့ ခိုးပြေးကြတာလဲ၊ သား... အမေ့ကိုပြောရင် အမေတောင်းပေးမှာပေါ့၊ အမရာက သူစိမ်းလား၊ ခိုးပြေးရတယ်လို့ အဓိပ္ပာယ်မရှိတာ... သားနဲ့အမရာကို အမေတို့က သဘောတူပြီးသား"

ဒေါ်ခိုင်သဇင်စကားကြောင့် အမရာရော ထူးချွန်ပါ အံ့ဩတုန်လှုပ်သွားကာ ပါးစပ်ကသာမက ခေါင်းရောခြေလက်တေွပါ လှုပ်ခတ်ငြင်းဆန်မိကြသည်။

"မဟုတ်ဘူး အန်တီခိုင်"
"မဟုတ်ဘူး အမေ၊ သားတို့ ခိုးပြေးတာ မဟုတ်ဘူး"
"ငါ့ကို ညာဖို့မစဉ်းစားနဲ့ ထူးချွန်၊ နင့်အခန်းထဲမှာ ထားခဲ့တဲ့စာကို တွေ့ပြီးပြီ"
"ဘာစာ... အာ... အဲ့ဒါက... "
"ခင်ကြီး... ငါတို့ကလေးတွေကိစ္စ နောက်ရက်မှအေးဆေးဆက်ဆွေးနွေးကြမယ်"
"အေး... "

အမရာအမေ ဒေါ်ခင်ခင်ကြီးက စိတ်မသက်သာတဲ့ပုံစံနဲ့ ခေါင်းညိတ်သည်။ သမီးရှင်မို့ သားရှင်ဘက်ကစကားကို အရင်နားစွင့်နေပုံ ရသည်။

"လူကြီးတွေကို ဖွင့်မပြောဘဲ အဆန်းထွင်ပြီး ထွက်ပြေးချင်တဲ့နှစ်ယောက်ကို အမြန်ဆုံးပေးစားပစ်မှ အေးမှာပါ"
"မဟုတ်ဘူး အမေ... "
"မဟုတ်ဘူး"

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now