အပိုင်း ( ၃ )

1.2K 47 0
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၃ )

ရွှေသွေးသည် အိပ်ရာထတာနဲ့ ဟိုဘက်ခြံထဲသို့ ချောင်းနေစဉ်တွင် ဓါဓါက ချိုုင့်လေးဆွဲကာ ထွက်ခဲ့လို့ ပြုံးလိုက်မိသည်။ အိမ်ချင်းကပ်ရက်နေမှတော့ ဒီကောင်မလေးကို အနည်းဆုံး တစ်နေ့တစ်ခါလောက်တော့ တွေ့သင့်တာပေါ့။

ချိုင့်ဆွဲပြီး လမ်းလျှောက်ထွက်လာတယ်ဆိုတော့ ဒီအိမ်ကို လာတာများလား။ ထင်တဲ့အတိုင်း အောက်ထပ်မှ အသံကြားလိုက်ရသည်။

"အဖွား… ခေါက်ဆွဲလာပို့တာ"
"ဪ… အဖွား ခေါက်ဆွဲမကြိုက်ဘူး"

အဖွားဒေါ်မေသီသည် လာပို့ပေးတာကို အသာတကြည်လက်မခံပဲ ငြင်းခဲ့လို့ ကြောင်သွားမိသည်။ တကယ်ဆို မကြိုက်ခဲ့ရင်တောင် "ကျေးဇူးပဲ" ဘာညာနဲ့ စကားလှအောင်ပြောပြီး လက်ခံထားလိုက်ရင်ပြီးပြီလေ။ အခုလို ပေါ်တင်ကြီးငြင်းခဲ့တော့ လာပို့ပေးသူက ဘာဆက်လုပ်ရမှာလဲ။

ဒီနေ့ မနက်စာရှမ်းခေါက်ဆွဲ ချက်စားလို့ အမေက အဖွားတို့အိမ်ကို သွားပို့ပေးဦးဆိုလို့ လာပို့ရသူကိုရှက်အောင်။ အဖွားက လူကို ဘာကြောင့်များ ဘလိုင်းကြီး အမြင်ကတ်နေလဲမသိ။

"သားကြိုက်တယ် အဖွား"

ရွှေသွေးသည် အိမ်ပေါ်မှ ခြေဖော့ကာ ပြေးဆင်းလာပြီး အဖွားအ နောက်မှာရပ်ကာ အမြန်ဖြေလိုက်သည်။ အဖွားက မကြည်သလိုလှည့်ကြည့်ခဲ့တာကို မသိချင်ယောင်ဆောင်ကာ

"ဓါဓါ… လာလေ၊ အိမ်ထဲဝင်ဦး"

ဓါဓါသည် သားရွှေသွေးကို အံ့အားသင့်ကာ ကြောင်ကြည့်နေမိ သည်။ ဒီလူနဲ့ အိမ်ချင်းကပ်ရက်ဆိုတာကို မသိခဲ့ရ။ အဖွားကိုတော့ တွေ့ဖူးသော်လည်း သူ့ကိုတော့ အခုမှ တွေ့ဖူးတာပါ။

"ဟင့်အင်း… မဝင်တော့ဘူး"
"လာပါ၊ ချိုင့်လဲပြီး ဆေးဦးမှာဆိုတော့ ကြာဦးမှာ၊ အပေါက်နားမှာ အကြာကြီး ရပ်စောင့်နေရမှာပေါ့၊ မဝင်ချင်လည်း ချိုင့်ပြန်လာပို့ပေးမယ်လေ ရလား"
"ဟုတ်… အဲ့ဒါဆို သွားတော့မယ်"

အဖွားရဲ့အကဲခတ်နေသော မျက်လုံးတွေကို ရင်မဆိုင်ချင်တော့လို့ အမြန်ပြန်ခဲ့လိုက်သည်။ မြေးယောက်ျားလေးရှိလို့များ လူကို မကြည်နေတာလား။ အဲ့လိုဖြစ်ရအောင် အဖွားမြေးကို ဘယ်သူက ခင်နေလို့လဲ။ မနေ့တုန်းက အအေးဆိုင်မှာ တစ်ခါတွေ့ပြီး ဒီနေ့မနက်မှ ထပ်တွေ့ဖူးတာကို။ ဒီခေတ်လူကြီးတွေကလည်း ခက်ပါသည်။ သမီးရှင်တွေက စိတ်မပူရပဲ သားရှင်တွေက ပူပင်နေရ၊ စမာန်တက်နေရရှာသည်။

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now