အပိုင်း ( ၁၆ )

1.4K 62 2
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၁၆ )

"အမရာ… အမြန်လာ ဗိုက်ဆာပြီ"

လှအိုးကွဲမ လက်ဆေးဖို့ ဝင်သွားတာ ငါးမိနစ်လောက်ရှိပြီ။ ထူးချွန်က ဘန်ဂလိုအရှေ့ဝရန်တာမှာ ချိုင့်တွေဖွင့်ကာ စားသောက်ဖို့ပြင်ဆင်ပြီးသော်လည်း ထွက်မလာနိုင်သေး။ စားချင်သောက်ချင်နေတဲ့သူအတွက်တော့ ထိုမိနစ်ပိုင်းအချိန်လေးက အလွန်အမင်းကြာလွန်းနေသည်။

"လာပြီ၊ ဗိုက်ဆာရင် စားနှင့်လေ"
"နှစ်ယောက်တည်း ရှိတာ၊ အတူစားမှပေါ့"
"နင်နော် Seafood တွေစားပြီး ဝမ်းလျှောလို့ကတော့… "
"ဘာမှဝမ်းမလျှောဘူး၊ ပိုကောင်းသွားတာ၊ ငါဝမ်းမသွားတာ လေးငါးရက်လောက်ရှိပြီ၊ အဲ့ဒါတွေ အကုန်ထုတ်ပစ်တာ ပေါ့သွားရော၊ အခုမှ ဗိုက်တွေချောင်ပြီး ခံတွင်းလိုက်လာတာ"

ဒါကြောင့် အနံ့အသက်က တော်တော်ဆိုးဆိုးဖြစ်နေတာကိုး။ အမရာ နှာခေါင်းရံှု့လိုက်မိပြီး

"နင်ဝမ်းမသွားခင်တုန်းကလည်း ပါးစပ်ပျက်နေလို့လား၊ ဒီလောက်စားနေတာ"
"စားရတာ ပိုပြီးအရသာရှိလာတာကို ပြောတာ"
"အေး… ခံတွင်းလိုက်ပြီး ထပ်မပါနဲ့နော်"
"နင်ဟာလေ… အီးပါတာကအစ လိုက်ကန့်သတ်နေတာ၊ နင်နဲ့ရတဲ့ယောကျာ်းကတော့ ကံဆိုး… "

ထူးချွန်သည် အမရာနဲ့ဓါဓါက အမြဲထိုသို့ပြောနေကျမို့ အကျင့်ပါကာ ပြောနေရင်း သတိရသွားသည်။ ကံဆိုးသူက သူပါလား။ ကံဆိုးသူ မောင်ဟန်ပေါ့။

အမရာသည် ဒင်းကို ခါတိုင်းဆို စိတ်တိုမည်ဖြစ်သော်လည်း အခုတော့ စိတ်ဆိုးဖို့ အင်အားမရှိတော့။ သူက ထိုကံဆိုးသောယောကျာ်း မဖြစ်ချင်ခဲ့သလို သူမသည်လည်း ဒင်းကို လင်ယောကျာ်းတော်ရမည်လို့ တစ်ခါမှ တွေးဖူးခဲ့သည်မဟုတ်။ ဂျမည်းကောင်ကို ယောင်လို့ပင် ရင်မခုန်ဖူးခဲ့။ တစ်သက်လုံးသူငယ်ချင်း၊ ထာဝရသူငယ်ချင်း၊ သေဆုံးချိန်ထိ သူငယ်ချင်းဖြစ်ရမည်ကို အခုတော့။ အမရာ လှောင်ပြုံးပြုံးလိုက်ပြီး

"ဆက်ပြောလေ"
"ငါက တကယ်နင့်ယောကျာ်းမှ မဟုတ်တာ"
"ပြီးရော… နောက် အဆင်ပြေတဲ့အချိန်ကျရင် ကွာရှင်းကြမယ်နော်"
"အေး… ငါတို့က အမြဲတမ်းသူငယ်ချင်း"

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now