အပိုင်း ( ၂၂ )

2.5K 81 3
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၂၂ )

"အမရာ… "

ခေါ်သံနှင့်အတူ အနားသို့ ရောက်ရှိလာသော ထူးချွန်ကြောင့် အမရာ နှာခေါင်းရံှု့လိုက်မိသည်။

"နင် သောက်လာတာလား၊ နံစော်နေတာပဲ"
"အင်း… မခံစားနိုင်လို့ သောက်လာတာ"
"ဘာကိုလဲ၊ မူးနေလည်း သွားအိပ်တော့ဟယ်၊ ငါ့နားလာထိုင် မနေနဲ့၊  အရက်စော်နံတယ်"
"ထိုင်တော့ဘာဖြစ်လဲ"

မူးတာနည်းနည်း ရစ်နေတာ များများမို့ ပိုအမြင်ကတ်လာမိသည်။

"ဟန်ထူးချွန်… မူးနေရင် သွားအိပ်… ငါ့ကို လာရစ်မနေနဲ့ သွား"
"သွားလို့မရတော့ဘူး၊ မူးနေတာ နင်တွဲပို့ပေးမှ ရမှာ"
"ဘာ… အရက်ဆိုင်ကနေ အိမ်အထိ နင် ဘယ်လိုပြန်ခဲ့လဲ၊ အဲ့အတိုင်း နင့်အခန်းထဲကို ကြွ… "

ထူးချွန် အမရာကို ဂြိုဟ်ပေးရင်း

"အိမ်အထိ ကိုဆွေတို့လိုက်ပို့တာ"
"ခြံဝကနေ ဒီအထိ နင့်ဘာသာ ဝင်လာတာမလား၊ ခြံတံခါးသော့ခတ်ခဲ့လား"
"အင်း… ခတ်ခဲ့တယ်"
"ပြီးရော… သွားအိပ်တော့"

နှာခေါင်းကို လက်နဲ့အုပ်ကာ မောင်းထုတ်နေပုံက။ အမရာဟာ သူ့အပေါ် တစ်စက်မှ မကြင်နာပါ။ အဲ့ဒီ မကြင်နာသူကိုမှ ဘယ်အချိန် ဘယ်လိုချစ်မိသွားလဲ စဉ်းစားမရ။

ကိုရွှေသွေးက ဓါဓါနဲ့အဆင်ပြေသွားအောင် ကူညီလို့ ဧည့်ခံကျွေးမွေးချိန် ကိုဆွေကပါ ကြားချောင်ပါလာပြီး သုံးယောက်သား စားသောက်ရင်း သူက ဘီယာတစ်ဗူးသာ သောက်ခဲ့ပေမဲ့ ကိုဆွေရဲ့ ဝီစကီလက်ကျန်ကို ကိုယ်မှာဖြန်းခဲ့တာ မှန်သွားသည်။

"ပြောစရာရှိတယ်"
"ပြော… ပြော… ပြီးရင် သွားအိပ်တော့"
"အမရာ… ငါ… နင်… ငါတို့… "

သူ့ကို စိုက်ကြည့်နေသော သူမမျက်လုံးများကြောင့်

"တကယ်လင်မယား… လုပ်ကြရအောင်"

မူးချင်ယောင်ဆောင်နေတာတောင် ချစ်တယ်ဆိုသောစကားကို ပြောမထွက်နိုင်ခဲ့။

"ဘာ! ထူးချွန် နင် မူးနေလည်း သွားအိပ်တော့ဟာ"
"မူးလို့ ပြောနေတာ မဟုတ်ဘူး၊ အတည်ပြောနေတာ"
"ဘာလဲ… ဘာကိုအတည်လဲ"
"နင် စဉ်းစားကြည့်လေ… နင် ကားရချင်တယ်မလား၊ ကားဝယ်မယ်လို့ ပြောတုန်းက နင် ဝမ်းသာသွားတယ်လေ"

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now