အပိုင်း ( ၉ )

1K 44 0
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၉ )

ဓါဓါ ညရှစ်နာရီမထိုးခင် အမေမသိအောင် တိတ်တိတ်လေးစက်ဘီးကိုတွန်း၍ထွက်လာကာ အမရာကို သွားခေါ်လိုက်သည်။ ဘယ်ကတည်းက ကိုသစ်အနောက်လိုက်ချင်နေမှန်း မသိသောအမရာနဲ့လမ်းထိပ်မှာ တွေ့ဆုံလေသည်။

"နင်နော်… တော်တော်ဖြစ်"
"ဘာဖြစ်လို့လဲ"
"အတော်တက်ကြွနေလို့လေ၊ နင် လိုက်သွားတော့မယ်ဆိုတော့ ငါ့စိတ်ထဲ တစ်မျိုးကြီးဘဲ၊ မလိုက်သင့်ဘူး ထင်တယ်နော်"

အဲ့လို မျက်နှာငယ်လေးဖြစ်နေတော့လည်း သနားရပြန်သည်။

"အင်း… နင် အဲ့လိုပြောမှ ပိုကြောက်လာပြီ၊ အိမ်ကနေ ထွက်လာတော့ ငိုချင်လာတာ၊ အမေတို့ အရမ်းစိတ်ဆိုးကြမှာ… စိတ်မကောင်းဘူး"
"ဟုတ်တယ်၊ စိတ်ဆိုးမှာပေါ့၊ မလိုက်ဘဲ အိမ်မှာလာတောင်းခိုင်းရင်ရော"
"မရလို့ပေါ့၊ ငါလည်း လိုက်မပြေးချင်ပါဘူး"
"ပြန်တွေးကြည့်ရင် နင့်မှာ ဘာချို့ယွင်းချက်ရှိနေလို့ သဘောမတူရတာလဲ၊ သူတို့ဘက်က ပိုချမ်းသာတာတစ်ခုပဲ ရှိတာပါ"

အမရာက ဓါဓါကို ဘာမှပြန်မပြောမိဘဲ ကျောပိုးအိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။ တကယ်ဆို သူမလည်း ဒီလို ခိုးရာမလိုက်ချင်သလို လိုက်ပြေးရမယ်လို့လည်း ထင်မထားခဲ့။ ကိုသစ်နဲ့မခွဲချင်လို့သာ သတ္တိမွေးပြီး လိုက်ဖို့ ဆုံးဖြတ်လိုက်ရသည်။ သို့သော် လက်တွေ့ကျတော့ စိတ်တွေက မပြတ်သားနိုင်။ နှစ်ဖက်မိဘတွေစိတ်ဆိုးကြမှာ၊ ရှေ့ဆက်ပြီး ဘယ်လိုနေရမှာတွေ အတွေးပေါင်းစုံနဲ့ ခြေလှမ်းတို့က တွန့်ဆုတ်တွေဝေချင်မိသည်။

"ကိုသစ်ရော ထွက်လာပြီလား"
"အင်း ခုနတုန်းကတော့ ရှစ်နာရီအရောက်လာမယ်ပြောထားတာပဲ၊ အခုဖုန်းဆက်တော့ မကိုင်ဘူး"
"ဟုတ်လား၊ ဒီလောက်အရေးကြီးတဲ့အချိန်မှ ဘာလို့မကိုင်တာလဲ၊ ရောက်နေပြီလား မသိဘူး၊ နင် ထူးချွန်ကို မခေါ်ခဲ့ဘူးလား"
"မခေါ်မိဘူး၊ သူ အိမ်ပြန်ရောက်နေပြီလား"
"အင်း… ရောက်နေပြီတဲ့"

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now