အပိုင်း ( ၂ )

1.4K 59 0
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၂ )

"မောင်... "

ထူးချွန်သည် သူ့ကိုတွေ့တာနဲ့ အပြုံးချိုချိုလေးနဲ့ ကြိုဆိုနေသော ဆုလာဘ်ရဲ့ပါးပြင်လေးကို ဖြတ်ခနဲ နမ်းလိုက်တော့။

"မောင်ကလည်း... သူများတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
"ဘာဖြစ်လဲ၊ ကိုယ့်ချစ်သူကို ကိုယ်နမ်းတာ"
"အမယ်... ချစ်သူပါဆို၊ လက်ထပ်ထားတာမှမဟုတ်တာ"
"လက်ထပ်ချင်ပြီကွာ"
"မောင်နော်... "

ဆုက ရှက်စနိုးမျက်စောင်းထိုးတော့ ထူးချွန်က ရင်ခွင်ထဲကို ဆွဲ သွင်းလိုက်ပြီး။

"နောက်နှစ်သီတင်းကျွတ်ပြီးရင် လက်ထပ်ကြမယ်နော်"
"တကယ်လား"
"အင်း... ဆုနဲ့အတူနေချင်ပြီ"

ဆုသည် အပြုံးလေးနဲ့ ငြိမ်သက်နေလေသည်။ ဆုလာဘ်ဆိုသော သူ့ချစ်သူလေးသည် သူ့ကိုချစ်လွန်းလို့ အစစအရာရာ သူ့သဘောအတိုင်းသာ။ နဂိုကတည်းက အနေအေးသူလေးမို့ သူ့ရဲ့ ဦးဆောင်မှုနောက်သို့ ယုံယုံကြည်ကြည်လိုက်ခဲ့မည့် အိမ်သူသက်ထား ဇနီးမယားကောင်းလေး ဖြစ်မယ်ဆိုတာ ယုံကြည်ပြီးသားပါ။

ယောကျာ်းတစ်ယောက်၏အတ္တလို့ဆိုရမလား။ သူသည် ဆုလာဘ် ကဲ့သို့ ခပ်အေးအေးမိန်းကလေးမျိုးကိုသာ နှစ်သက်သဘောကျသည်။ ငယ်သူငယ်ချင်း မိန်းကလေးနှစ်ကောင်ရဲ့ ကျေးဇူးကြောင့် သူ့အကြိုက်ကို ကွဲကွဲပြားပြားသိခဲ့ရတာပါ။ ဓါဓါနှင့် အမရာကဲ့သို့ စွာစိလန်မိန်းကလေးမျိုးနှင့် လက်ထပ်ကာ တစ်သက်လုံးအတူ နေရမည်ဆိုလျှင် သူ့ဘဝလေးကို ဆက်မတွေးရဲတော့။ အမရာလို လှအိုးကွဲမဆို သူ့ရဲ့ခေါင်းအစ၊ ခြေအဆုံး အလှပြင်ပစ္စည်းဖိုးနဲ့ မွဲရမည်။

ဓါဓါလို စာရေးဆရာမယောင်ယောင် ငပျင်းအိုးနဲ့သာဆိုရင်တော့ ထမင်းနပ်မှန်မည်မဟုတ်။ အလိုလိုက်ခံထားရသော တစ်ဦးတည်းသော သမီးငပျင်းမကို ပြန်ချက်မကျွေးရရင် ကံကောင်း။ ဒီလိုတွေးလိုက်မိတာကို ဟိုနှစ် ယောက်ကြားရင် နားဖာချေးတွေ လွင့်စင်ထွက်မတတ် အအော်ခံရမှာ သေချာသည်။

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Nơi câu chuyện tồn tại. Hãy khám phá bây giờ