အပိုင်း ( ၁၇ )

1.5K 58 3
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၁၇ )

"ထူးချွန်… နင် အိမ်အကူတစ်ယောက်လောက် ငှားဖို့စိတ်ကူးမရှိဘူးလား"
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ၊ အိမ်သန့်ရှင်းရေးလုပ်ဖို့နဲ့ နင့်အဝတ်အစားတွေ လျှော်ဖို့ပေါ့"

တစ်အိမ်လုံး သူ့အဝတ်အစားတွေ ပျံ့ကြဲနေရော။ တွေ့တဲ့နေရာ ချွတ်ပစ်ထားတတ်သည်။ ဒါတောင် ခရီးကပြန်ရောက်ပြီး ဒီအိမ်မှာသေချာနေတာ နှစ်ရက်နဲ့တစ်ပိုင်းဘဲ ရှိသေးလို့။ တစ်ပတ်လောက်သာဆို မလွယ်ကြော။

"အာ… အဝတ်အစားလျှော်ဖို့က အဝတ်လျှော်စက်ရှိတယ်လေ၊ သန့်ရှင်းရေးကတော့ နင်လုပ်လိုက်ပေါ့"
"အခုလည်း ငါလုပ်နေရတာပဲ နင်လုပ်ကူလို့လား"
"တံမြက်စည်းလောက်ဘဲ လှဲရတာမလား"
"အဲ့လောက်ဘဲဆို ငါက ပြောမလား၊ မီးဖိုချောင် အိမ်သာရေချိုးခန်းကအစ အကုန်သန့်ရှင်းရေးလုပ်ရမှာလေ"
"အဲ့ဒါတွေက တစ်ပတ်တစ်ခါလောက်လုပ်ပေါ့"
"ဘာ… "

အမရာ စိတ်တိုနေပြီဖြစ်သော်လည်း အတတ်နိုင်ဆုံး စိတ်ကိုဆွဲဆန့်ကာ ကပ်စေးအိုးကို ပြန်ပြောလိုက်သည်။ ဒင်းက မဟုတ်တဲ့နေရာဆို အတော်ချွေတာချင်သည်။

"အဝတ်လျှော်စက်ထဲ ထည့်လိုက်တာနဲ့ အဝတ်လျှော်တာက ပြီးသွားတာ မဟုတ်ဘူး၊ စက်ထဲကနေ ထုတ်ပြီး လှန်းရသေးတယ်၊ မီးပူတိုက်ရသေးတယ်၊ သိမ်းဆည်းရသေးတယ်လေ၊ ဒါဆို အဲ့ဒါတွေ နင့်ဘာသာလုပ်"

ထိုသို ပြောလိုက်မှ ဂျမည်းကောင်က ဖင်ကုတ်ခေါင်းကုတ်နှင့်။ တွေ့ကရာနေရာမှာ ပစ်ထားတတ်တာ၊ သူ့အခန်းထဲမှာ ဝင်သွားတဲ့ကြွက်တောင် လမ်းပျောက်ရလောက်အောင်ထိ ရှုပ်ပွနေတာတွေက အကျင့်က လူပျိုစင်အကျင့်လား။

"နင့်အခန်းရော… ကြည့်လေ"

အမရာ သူ့အခန်းတံခါးကို ဖွင့်ပြီး မေးငေါ့ပြကာ

"နင့်ဘာသာရှင်း"
"အိမ်ဖော်ခေါ်တာတော့ ထားပါတော့၊ ငါတို့အခန်းခွဲအိပ်တာ လူကြီးတွေ သိသွားရင် ဘယ်လိုလုပ်မလဲ"

ထူးချွန်စကားကြောင့် အမရာ တွေဝေသွားသည်။ ဟန်ထူးချွန်က ငွေရှာတဲ့အလုပ်ကို ကောင်းကောင်းလုပ်တတ်ပေမဲ့ အိမ်မှုကိစ္စများကိုတော့ စိတ်မဝင်စားရုံမက လုပ်ကိုလုပ်ခဲ့ဖူးတာ မဟုတ်။ သူ့ရဲ့မာတာမိခင်နဲ့ညီမကသာ အကုန်လုပ်ပေးခဲ့ရသည်။ ဒါပေမဲ့ ဒီအသက်အရွယ်ထိ ရောက်နေပြီပဲ။ နားလည်သင့်ပါပြီ။

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now