အပိုင်း ( ၁၄ )

1.6K 54 0
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၁၄ )

"ငါစောင့်ပေးရမလား"

အမရာနဲ့ထူးချွန်ရဲ့အိမ်အသစ်ရှေ့မှာ ကားရပ်လိုက်တော့ ဓါဓါပါ အတူဆင်းရင်း မေးလိုက်သည်။ ညနေပိုင်းဒင်နာပွဲလေးက လူကြီးတွေ မပါဘဲ လူငယ်တွေ သီးသန့်မို့ ပို၍လွတ်လပ်ကာပျော်ရွှင်စရာကောင်းသည်။ သို့သော် သတို့သားနဲ့သတို့သမီးက ခပ်ခွာခွာမို့ ဓါဓါက မသိမသာ ဝင်ထိန်းနေရသည်။

ထူးချွန်က အလိုက်အထိုက်ရှိပေမဲ့ အမရာက မရ။ သူ့စိတ်သဘောအတိုင်းသာ မျက်နှာကြောတင်းကြီးနဲ့သာနေလို့ ကိုဆွေတို့တောင် မစရဲတော့ပေ။

အလာတုန်းက အဖေလိုက်ပို့ပေးပြီး အပြန်ကိုတော့ လာမကြိုခိုင်းဘဲ ကိုယ့်ဘာသာ ပြန်ခဲ့မည်ဟု ပြောထားသောကြောင့် အမေက စိတ်မချနိုင်။ ခဏခဏဖုန်းဆက်နေလို့ ပြန်လာချိန်တွင် အမရာပါ လိုက်လာခဲ့သည်။ နေခဲ့ဖို့ပြောလည်း ရမည်မဟုတ်သောကြောင့် ခေါ်ခဲ့ရသည်။ ထူးချွန်ကတော့ ကိုဆွေတို့နဲ့ သောက်နေရာမှ လှမ်းကြည့်ကာ ဘာမှမပြော။

ဓါဓါမှာ တစ်သက်နဲ့တစ်ကိုယ် ရည်းစားလေးတစ်ယောက် ထားမိပါတယ်။ မိခင်ကြီးက စိတ်မချနိင်တော့။ တကယ်တော့ အမေစိတ်မချတာလည်း မလွန်ပါ။ ဒင်နာမှအပြန် အမေထင်သည့်အတိုင်း ကိုရွှေသွေးကားနဲ့ ပြန်လာသည်ပဲ။ သို့သော် အမေစိတ်ပူနေသလိုမျိုး ကိုရွှေသွေးက မတော်မတရား အခွင့်အရေးယူတတ်သည့်လူ မဟုတ်။ မိုးချုပ်နေပြီမို့ စားသောက်ဆိုင်ကနေ အိမ်သို့ တန်းပြန်မှာပါ။ အခုတော့ အမရာလိုက်လာလို့ သူ့အိမ်အသစ်သို့ အရင်ဝင်ပို့ပေးရလို့သာ။

"မစောင့်နဲ့၊ ရတယ်"
"ဟယ် နင်တစ်ယောက်တည်း ဖြစ်နေမှာပေါ့"

အန်တီခိုင်က သူ့သားနဲ့ချွေးမကို မင်္ဂလာပွဲရော ဒင်နာကအစ လိုလေးသေးမရှိအောင် စီစဉ်ပေးရုံမက လွတ်လွတ်လပ်လပ်နေစေချင်သောကြောင့် တစ်အိုးတစ်အိမ်ထူထောင်ပေးသည်။ ဒီလောက် အလိုက်သိသော ယောက္ခမရထားတာ အမရာ အလွန်ကံကောင်းပါသည်။ ကိုသစ်အမေနဲ့ ပြောဆိုဆက်ဆံခဲ့ဖူးသောဓါဓါအတွက် အန်တီခိုင်သည် အဖက်ဖက်မှ သာလွန်ကောင်းမွန်နေတော့သည်။

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now