အပိုင်း ( ၁ )

4K 63 1
                                    

Unicode font

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ
[ Invisible love ]

အပိုင်း ( ၁ )

ဖြစ်နိုင်တာ မဖြစ်နိုင်တာ ခဏထား။

ငယ်ရွယ်စဉ်တုန်းက လူတိုင်းမှာ စိတ်ကူးယဉ်အိပ်မက်တွေ ကိုယ်စီ ရှိကြမယ် ထင်ပါသည်။ ကြီးလာရင် ဆရာဝန်ကြီး ဖြစ်ချင်တာမျိုး၊ အင်ဂျင်နီယာကြီး ဖြစ်ချင်တာမျိုးလိုပေါ့။

အဲ့လိုနဲ့ အရွယ်ရောက်လာတော့ တချို့က ကိုယ်ဖြစ်ချင်တာလေး၊ ဝါသနာပါတာလေးတွေကို ကွဲကွဲပြားပြား သိလာကြသလို အကောင်အထည် ဖော်နိုင်ခဲ့ကြပြီး ခဲရာခဲဆစ် ကြိုးစားနေကြဆဲ လူများလည်း ရှိပါတယ်။ တချို့က အသက်ကြီးချိန်ထိ ရည်မှန်းချက်၊ ရည်ရွယ်ချက် တိတိကျကျမရှိပဲ လက်ရှိဘဝကို အကောင်းဆုံး နေထိုင်ခဲ့ကြသလို တချို့ကျတော့လည်း လက်လျော့ကာ ရေစုန်မျောလိုက်ကြပြန်ရော။ ကံတရားက မျက်နှာလိုက်ပုံများ။ တချို့လူတွေရဲ့အိပ်မက်တွေ ဖြစ်ပေါ်လာဖို့က လွယ်ကူသလောက် တချို့ကျတော့လည်း အရမ်းကို ခက်ခဲပြန်ရော။

တကယ်တော့ လူ့ဘဝဆိုတာ နေ့ရက်အကန့်အသတ်နဲ့ အသက်ရှင်နေရတာပါ။ ဘယ်နှရက်ရှင်သန်နေထိုင်ရမယ်လို့ အတိအကျသိရှိသူ တစ်ယောက်မှ မရှိခဲ့။ သို့သော် လူသားတို့သည် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုသေဆုံးမယ်ဆိုတာ မသိရပေမဲ့ ရှင်သန်နေချိန်မှာ အကောင်းဆုံးဆိုသော အရာများကိုသာ ပိုင်ဆိုင်ချင်ကြသူချည်းသာ။

တရားသဘောအနေနဲ့ တွေးကြည့်ရင် ဘယ်အရာမဆို အရာအားလုံးကို တစ်နေ့တော့ ထားခဲ့ရမှာပဲလေ။ ဘာကိုမှမမက်မောပဲ အေးအေးချမ်းချမ်း တရားအားထုတ်နေတာက အကောင်းဆုံးဆိုတာ သိလည်း လောဘရဲ့သားကောင်များ ဖြစ်နေသရွေ့တော့ ဒီသံသရာ ဝဲဂယက်ထဲမှ လွတ်မြောက်နိုင်မည် မထင်။

ဟယ်... ရေးနေတာက ဘဝရဲ့ရည်မှန်းချက်အိပ်မက်အကြောင်းလေ။ ဘယ်လိုဖြစ်ပြီး တရားသဘောတွေ ပါကုန်တာလဲ။ ရေးချင်တာက အချစ်ဝတ္ထု။ စိတ်ကူးယဉ်အိပ်မက်အကြောင်းလေးနဲ့စပြီး နုနုရွရွအချစ်ဇာတ်လမ်းလေး ရေးချင်ပါတယ်ဆို။ ရေးနေရင်း ချော်တောငေါ့ကာ ဘယ်တွေရောက်ကုန်မှန်း မသိ။ ဖုန်းထဲ၌ ရေးပြီးသား စာသားတွေကို ပြန်ဖတ်ကြည့်နေရင်း ငါ့အိပ်မက်ကရော ဘာများလဲဆိုပြီး တွေးမိသွားသည်။

သူငယ်ချင်း သို့မဟုတ် ဇနီးမောင်နှံ [ Invisible love ]Where stories live. Discover now